Thursday, July 28, 2011

ရွှေစင်ဦး ကို ချစ်သူများ အား ခွင့်တိုင်ကြားခြင်း

စာရေးသူ-ရွှေစင်ဦး
ကဲ.. ချစ်သော စာဖတ်သူ အပေါင်းတို့ ခင်ဗျား ကျနော် ရွှေစင်ဦး ခရီးထွက် ပါ့မယ်.. (ပါတီ ထောင် ဘို့ စာရင်းသွင်း မလို့ပါ....) အဟဲ... ယုံကြည်မယ် မထင်ကြပါဘူး.. အလုပ်ကိစ္စ တခု ရှိလို့ပါဗျာ...၊ ကျနော် နဲ့ ချစ်ညီမ နဲ့ ပါ.. ရန်ကုန် မှာ ရှိတဲ့ ရွှေစင်ဦး ကို ချစ်သူများ ကျွေးမွေး ပြုစုချင်ကြတယ် ဆိုရင်ဖြင့် ဖုန်းနံပါတ် ..... ကို ဆက်သွယ်လို့ ရပါတယ်... (..စတာပါဗျာ... ရှောင်ပုန်း မနေရင်ကို ကျေနပ်ပါပြီ..)..။

ကျနော် ခရီးထွက် မယ့် ရက်တွေ အတွက် တင်ရမယ့် စာတွေ ကို ကြိုတင် စီစဉ်ထားခဲ့ ပါတယ်... ပုံမှန် အတိုင်း ဆက်လက် လည်ပတ်သွားပါလိမ့်မယ်.. ဖတ်မြဲ လာဖတ် ကြပါခင်ဗျား... scheduled နဲ့ တင်မှာ ဖြစ်တဲ့ အတွက် အဆင် မပြေတာလေး တွေ ရှိရင်လည်း ခွင့်လွှတ်ကြပါလို့ ကြိုတင် တောင်းပန် ထားပါ တယ်ဗျာ...။

ချစ်သော ဘလော့ဂါ များဆီကို လည်း လာရောက် မလည်ပတ်နိုင် ခြင်းအတွက် နားလည်ပေးပါ.. အချိန် ရရင်တော့ ရသလို လာခဲ့မည် ဖြစ်ကြောင်းလည်း သိစေအပ်ပါသည် ခင်ဗျာ...။

ခင်မင်စွာဖြင့်
ရွှေစင်ဦး

No comments:

Post a Comment