Thursday, July 28, 2011

ရွှေစင်ဦး လေးရဲ့ ချစ်ကိုယ်တွေ့ (၂) ကိုယ်ရံတော် ? မှုးလေး

စာရေးသူ-ရွှေစင်ဦး

အများ နှစ်သက်ကြတဲ့ အချစ်အကြောင်းလေး ဆိုတော့လည်း အားပေးကြတာ ဝမ်းသာပါတယ်.. ဒါပေမဲ့.. ရွှေစင်ဦးလေး လိုဘဲ အော့ .. တတ်တဲ့ ချစ် ဘလော့ဂ် မောင်နှမ များကတော့ အော့... ..အော့..... တဲ့ စိတ်မကောင်း ပါဘူးဗျာ.. ဖြစ်နိုင်ရင် ရွှေစင်ဦး တို့ လည်း ချစ်သူငယ် ချင်း ချစ်ကြည်အေး တို့ လို့ ဘာလီ ကျွန်းကလေး မှာ ၂ယောက် ထဲ ဘာမှန်း မသိတဲ့ ဖျော်ရည်ထဲ ဘာမှန်း သိတာလေး ရော ပြီး ကျီစယ် ကြတဲ့ အချစ် ရေးရာ လေး တွေ ဖော်ပြ ချင်ပါတယ်...။

ဒါပေမဲ့..ဘာလီ ခရီးစဉ် မပြောပါနဲ့.. ပြည်တွင်း ခရီးစဉ် လေး သွားဘို့ ကို အခြေအနေ အရ ပိုက်ပိုက် ကလေး တွေကို ချော့ချော့ ပြီး  ငါ နဲ့ နေ .ငါ နဲ့ နေ ဆိုပြီး သုံးနေရတာဆိုတော့ ကြည်နူး စရာ လေးတွေ ရေးမပြ နိုင်တဲ့ အတွက် ခွင့်လွှတ်ပါ....။

အခုလည်း ရေးရ ပါအုန်းမယ်.. ရွှေစင်ဦး လေး ဟာ ရောက်တဲ့ နေရာ သောက် (ရေ ပါ) ရောက်တဲ့ နေရာ ပေါက်  (ဒါတော့ သိမှာပါ) တတ် တဲ့ သဘာဝ ရှိပါတယ်..၊ မနက် မနက် ဆိုလည်း ရေက အဝသောက် တာဆိုတော့.. မနက် ဘက် အပြင် ထွက်တဲ့ အချိန် တွေမှာ ဒုက္ခ ရောက်ပါတယ်..၊ မနက် စာ စား မယ် ဆိုရင်လည်း.. မဝင်ခင် အရင် ထွက်ချင်.. ၊ ထွက်လိုက် လို့ .. ဟိုဟာ ဒီဟာ တွေ တွေ့ရင်လည်း စားမရ တော့.. ၊...... ဒီဒုက္ခ တွေ ဟာ ရွှေစင်ဦး လေး ကို ချစ်တဲ့ ချစ်ချစ်ကြီး အတွက် တသက်လုံး ရင်ဆိုင် ရတဲ့ အချစ် က ပေးတဲ့ ဒုက္ခလေး တွေပါ...။

ကျနော် ဟာ အမြဲတန်း အကြောင်းမသိတဲ့ အိမ်သာမျိုးကို အထူးသဖြင့် စားခါနီး သောက်ခါနီး .. စားပြီး သောက်ပြီး တဲ့ အချိန်တွေ မှာ ဘယ်တော့ မှ မဝင်ပါဘူး...၊ အဲဒီတော့ ရွှေစင်ဦး ရဲ့ ကိုယ်စားလည် အဖြစ် ချစ်ချစ်ကြီး ကို အထူးတာဝန် ခံ ခန့် အပ်ပြီး အိမ်သာ ထဲကို .....ချင်သည်ဖြစ်စေ... မချင် သည် ဖြစ်စေ  အရင် ဝင်စေပါတယ်..၊ ချစ်ချစ်ကြီး က အိုကေ ဆိုမှ ဆက်လက် ဝင်ရောက်ပါတယ်...။

ကျနော် တို့ မြန်မာပြည်.. တိုင်းပြည် နဲ့ ချီပြောရင်.. သိပ်ကြီးကျယ် ရာရောက်မှာ စိုးလို့ ကျနော့် ဆိုင်လေး နဲ့ဘဲ ပြောပါမယ်...၊ အိမ်သာ မှာ ရေအပြည့်ရှိတယ်.. အိမ်သာ ဆေးတဲ့ ဆေးဗူး ရှိတယ်.. ၊  ဆေးတဲ့ Brush ရှိပါတယ်...၊ ဒါပေမဲ့ .. အိမ်သာ ညစ်ပတ်ရင် ဘယ်သူမှ မဆေးဘူးဗျာ...၊ ကျနော့် မှာလည်း ဒင်းတို့ ကို အိမ်သာ ဆေးခိုင်းရင် ငါ့များ ILO က အရေးယူမလား (ရွှေစင်ဦး တို့ကတော့ ကြောက်တတ်တယ်).. ၊

ဒင်းတို့လေး တွေများ အားငယ်သွားမလား ဆိုပြီး.. မဆေးခိုင်း ရဲဘာဘူးဗျာ... အိမ်သာ ဆေးတဲ့ သူကလည်း မငှားနိုင် ဆိုတော့ .. နောက်ဆုံး ရွှေစင်ဦး လေးဘဲ တာဝန်ယူလိုက်ရပါတယ်...၊ ဒီ့အတွက် လည်း နောင်တ ရပါတယ်.. ငါ ဟာ ချစ်ချစ်ကြီး ကို တသက်လုံး နှိပ်စက်ခဲ့လို့ ဝဋ္ဌ် လည် တာဘဲလို့...၊ ဒါက ပညာတတ် ကလေး များဟာ ကိုယ်အသုံးပြုနေတဲ့ အိမ်သာ ကိုတောင် ကိုယ့် အသိတရား နဲ့ ကိုယ် ထိမ်းသိမ်း စောင့် ရှောက် ရမှန်း မသိတာ တခုပါ..၊ နောက်ပြီး တချို့ ကလေးများ... အိမ်သာ ဝင်ပြီးရင် လက်ဆေး ရမှန်း တောင် မသိပါဘူး..။

ခရီးသွားရင်လည်း ဒီအတိုင်းပါဘဲ.. သူများ ကားနဲ့ ကိုယ် ဆိုရင်တော့ ပေါက်တော နဲ့ ပြီးတာပါဘဲ...၊ အများ နဲ့ ဆိုရင်တော့ အတော် ဒုက္ခ ရောက်ပါတယ်..၊ များသောအားဖြင့် ကားဂိတ်တွေ စားသောက်ဆိုင်တွေ မှာ က ယောက်ကျား မိန်းမ အိမ်သာ ခွဲခြားထားတာ ဆိုတော့ ချစ်ချစ်ကြီး ကို ဝင်ခိုင်း လို့ မရပါဘူး.. ၊ ဒီ့ အတွက် လည်း ကျနော်ဟာ အများ နဲ့ ခရီး သွားခြင်း ကို အထူးရှောင်ကြဉ် ပါတယ်... ။

ကျနော် တို့ ရဲ့ အညာ ကျေးလက် က အိမ်သာ တွေကတော့ မပြောချင်ပါဘူးဗျာ.. ခင်ဗျားတို့ မီးရထား နဲ့ ခရီး သွားကြည့် ရင် ပို သဘော ပေါက်ပါလိမ့်မယ်.. လမ်းဘေး က လှန်း မြင်ရတာ နဲ့ ကို စိတ်ကုန်ပါတယ်...၊ အိမ်သာ ဘေး က ဝက် တွေ ကြက်တွေ ခွေးတွေ ကြည့် ပြီးတော့ ကို စားချင် သောက်ချင်စိတ် ကုန်ပါ တယ်...။

ရှမ်းပြည် ဘက်က အိမ်သာ တွေက မှ မြင်ရတာ အများကြီး သန့်ပြန့် ပါသေးတယ်...၊ နောက်တခါ ကချင် ပြည် ကျေးလက် အိမ်သာ ကလေး များကိုတော့ ကျနော် မဝင်ခဲ့ ဘူးလို့ မသိပေမဲ့.. သူတို့ ရဲ့ .. သန့် ရှင်းရေး အကွက် မြင်ပုံ တခု ကိုလည်း ကြုံတုံး ရေးပြချင်ပါတယ်...။

မြစ်ကြီးနား ကို ကျနော် ရောက်တုန်းက ကရိန်နော် မှာ ခေါင်ရည်သောက်ခဲ့ ကြောင်း ရေးပြခဲ့ ပါပြီ.. နောက်တနေရာ မြစ်ဆုံ လား မသိပါ သိပ်မမှတ်မိပါ.. နဲနဲ ဝေး တော့ ကားနဲ့ လိုက်ပို့ပါတယ်..၊ တနေရာ မှာ အကြောင်း တခုကြောင့် ကားရပ်ထားတုန်း ကျနော် မျက်စိ နဲ့ မြင်မိပါတယ်..၊ အိမ်ရှေ့ မှာ ကလေး လေး တယောက် ထိုင် ပြီး ဘွတ်ဘွတ် ပါနေပါတယ်.. အင်ကျီ လေးပါပါတယ် .. ဖင်တုံးလုံးလေးပါ...  နောက်မှာ လည်း အပုံ လေး နဲ့ပါ..  အဲဒီ အပုံလေး ကို သူတို့ ရဲ့ ခွေးလေး က လာစားသွား ပါတယ်..။

ခဏနေတော့ ခလေး က ပြီး သွားတဲ့ ပုံ နဲ့ သူ့အမေ စီကို သွားပါတယ်..၊ ကျနော် လည်း စိတ်ဝင်တစား ဘာနဲ့ များ သုတ်ပေးမလို့ လည်း ကြည့်ပါတယ်...၊ အမေက ခွေးကလေး လှန်းခေါ်ပြီး ကလေး ဖင်လေး ကုန်းခိုင်းပြီး  ခွေးလေး ကို ယက်ခိုင်းပါတယ်.. ခွေးလေး ကတော့ အမြီး တနန့် နန့် နဲ့  ရက်နေ ပါတယ်...၊ ကလေး လေး က တော့ အော်ငို လို့...၊ ဓလေ့ လား တော့ မသိပါ...၊.. နှစ်ဦး နှစ်ဘက်... အကျိုး အရှိဆုံး သန့်ရှင်းရေး ကို လုပ်ဆောင် နိုင်တဲ့ အတွက် အဲဒီ ဓလေ့ မျိုး ကို ဆက်လက် တိုးတက်အောင် ထိမ်းသိမ်း သင့်တယ် လို့ ထင်ပါတယ်..။

နောက်တခါ အဲဒီလို သန့်ရှင်းရေး လုပ်တာနဲ့ ပတ်သက်လို့ ပြောရရင် ကျနော့် ဆရာကြီး အခု အသက် (၈၄) နှစ် ရှိပါပြီ.. အရာတော် သားပါ.. အညာသား စစ်စစ်ကြီးပါ.. သူက ပြောဘူးတာ ကတော့  တောထိုင် သွားရင် ပြောင်းဖူးရိုးကလေး တွေ ကောက်သွားကြတာဘဲတဲ့.. နောက်ပြီး  တခါတလေ ခြုံမတိုး ဘဲနဲ့ သူငယ်ချင်း တသိုက် အပင်ပေါ် တက်လိုက် ကြတယ်တဲ့..၊ ဟိုကိုင်း တယောက်.. ဒီကိုင်း တယောက်... ကိစ္စပြီးရင် လည်း ကိုယ့် ကိုင်း ပင်စည်လေးကိုယ် ဖင် နဲ့ ပွတ်လိုက်တာဘဲ လို့ ပြောပြဘူး ပါတယ်... အခုခေတ်ထိ တချို့ ကျေးလက် တွေမှာ ရှိအုန်းမယ် လို့ ကျနော် ထင်ပါတယ်.။

ကဲ.. ဒါတွေ ရေးပြနေရတာက ... ၊ မြန်မာပြည်ကြီး ..... ဟိုအရေး.. ဒီအရေး အော် နေသူများ ကို ..... ကျနော် တို့ တိုင်းပြည် မှာ ကျနော် တို့ လူမျိုး များကို ......ပါတတ်အောင် သင်ပေး ရင် ကို ရွှေစင်ဦး လေး ဝမ်းသာ ရမှာပါ..။

မြန်မာ ပြည်သူပြည်သား များ ..... ပါတတ်ဘို့ အရေး.. ဒို့အရေး....ဒို့အရေး...။
(ကိုယ် အော်တတ် တဲ့ အရေး ကိုယ်အော်ရတာပါ... ခွင့်လွှတ်ပါ..)

ကဲ.. ချစ်ချစ်ကြီး ဇာတ်လမ်းလေး ဆက်လိုက် ကြရအောင်.... တခါတော့ ချစ်ချစ်ကြီး နဲ့ ကျနော် ဟာ အိမ်ထောင် ကျပြီး မှ .... မသွားမဖြစ် ခရီးတခု သွားပါတယ်.. Express ကားကြီး နဲ့ ပါ.. ထုံးစံအတိုင်း .. ရွှေစင်ဦးလေးက... သူတို့ သတ်မှတ်တဲ့ ပေါက်တော မရောက်ခင် ပေါက်ချင်လာပါပြီ.. ချစ်ချစ်ကြီး ရေ မရတော့ဘူးလို့... ထွက်တော့ မယ်လို့..ပြောတော့ .. ချစ်ချစ်ကြီး လည်း ပေါက်တော ဆိုပြီး ထအော် လိုက်ပါတယ်..။

ကားဆရာ ကလည်း ကျေကျေ နပ်နပ် ရပ်ပေးပါတယ်....၊ ဒါနဲ့ အားလုံး ပေါက်လိုက်ကြပါတယ်...၊ အားရှိ ပါးရှိ ပေါက်လိုက်ရတော့ စိတ်ကျေနပ်ပြီး တခါ မှေးကနဲ ဖြစ်သွားတယ်.. နောက်ထပ် တခါ ပေါက်ချင် လာပြန်ရော... ၊ ချစ်ချစ်ကြီး ရေ လုပ်ပါအုန်း ပေါက်ချင်ပြန်ပြီ လို့.. ၊ ဒီတခါတော့ ချစ်ချစ်ကြီး လည်း အားရှိ ပါးရှိ မအော်ရဲတော့ ပါဘူး.. စပယ်ရာ လေး ကို မျက်နှာချိုသွေးလို့ .. ညီလေးရေ ပေါက်တော လို့ ပြော လိုက် ခါ ရှိသေးတယ်.. ၊ စပယ်ရာ ကောင်လေး က ဒရိုင်ဘာကို လှမ်းအော်လိုက်တာဗျာ... ဗျို့ အကိုရေ ရပ်အုန်းဗျို့ ပေါက်တော တဲ့... ဆိုပြီး ........ နောက်ဆက်တွဲ လည်း ရွတ်လိုက်ပါသေးတယ်... အမယ် လေးဗျာ.. ခုမှ ဘဲ ဆီးတွေ ဝမ်းတွေ မှန်လို့ ကျန်းမာရေးတွေ ကောင်းလိုက် ကြတာတဲ့....။

အဟီး.. ရွှေစင်ဦးလေး လည်း ရှက်လွန်းလို့ ... ချစ်ချစ်ကြီး ကို ဟုတ်သားဘဲ မောင် ကလည်း သူများ တွေ ခရီးဖင့်တယ်.. အားနာစရာလို့ ပြောလိုက်ရင်း... ရှေ့ကနေ လွှားကနဲ ဆင်းလိုက်ပါတယ်... ချစ်ချစ်ကြီး ကတော့ .. အဟင့်.....။

လေးစားစွာဖြင့်
ရွှေစင်ဦး
.

No comments:

Post a Comment