Friday, July 29, 2011

ရွှေစင်ဦး ကြိုက်တဲ့ အညာစာဟင်းလေးများ (၄)

စာရေးသူ-ရွှေစင်ဦး
သင်္ကြန် နားနီးလာလို့ ဆိုင်ပိတ်တော့မယ် ဆိုလေ အလုပ်တွေက များလာလေ ပါဘဲဗျာ..၊ အလုပ်က များမှာ ပေါ့ နယ်က ကလေး တွေက တနေ့ တယောက် နှုန်း နှစ်ယောက် နှုန်း ပြန်နေတာဆိုတော့.. ရှိတဲ့လူတွေ နဲ့ အလုပ် လုပ်နေရတာဆိုတော့ အလုပ်ရှုတ်ပြီပေါ့...။

တမြန် မနေ့ကတော့ တပည့်ကျော် ပြန်တယ်..၊ သူ အစောဆုံးပါဘဲ.. သူက ကလေး တမူး ဘက်ထိပြန်မှာ ဆိုတော့ စောလွှတ် ရတော့တာပေါ့...၊ ဆာလာအိတ် တအိတ်.၊ ခရီးဆောင်အိတ် တအိတ်..၊ ကျွတ်ကျွတ် အိတ် ၂လုံးနဲ့ မုံ ၂ထုတ်ရယ်..၊ သေနပ် (သင်္ကြန် ရေပက် သေနပ်၊ ရေဗျွတ် ၃ခုလောက်).. နဲ့ ဘိနပ် တရံ (ဝပ်ကင်းရှုး..) အဲဒါ ဝယ်တော့ လည်း ပြောရအုန်းမယ် သူက လမ်းဘေး ချရောင်းတဲ့ ဘိနပ် တွေထဲက ဆောင်းတွင်း ဝတ်ဘို့ဆိုပြီး ဝယ်လာတာ..တဆောင်းတွင်းလုံး.... သူစီးတာလည်း တခါမှ မမြင်မိပါဘူး .. ၊ အခု ရွာပြန်မှ ..အဲဒါကြီး စီးပြီး သင်္ကြန် ကဲ အုန်းမှာတဲ့..။

နောက်ပြီး ဆာလာအိတ်ကြီး ထဲမှာ စောင်ရယ် ခြင်ထောင်ရယ် ပါတယ်.. ၊ ဘာလို့ ယူသွားတာလည်း ဆိုတော့ အမေက ယူခဲ့ ဟိုကြမှ လျှော်ပေးမယ် ပြောလို့တဲ့.. ဒီလောက်ဝေးတဲ့ ခရီး ကြီးကို လျှော်ဘို့ တခုထဲနဲ့ သယ်ခိုင်းတာ ဆိုတော့ အမေ နဲ့ သားနဲ့ လိုက်လည်း လိုက်တယ်...၊ ဒါမှ မဟုတ် အပြီးများ ပြန်ဘို့ ကြံရွယ် ထားလား မသိပါဘူး.. ကျနော် မှာလည်း ဒီကလေး တွေ နဲ့ လုပ်စားနေရတာ ဆိုတော့ သူတို့ အရိပ် အခြေ ကြည့်နေရတယ်..။

မနေ့ ညနေက လည်း ကျနော် ဆိုင်ရှေ့ ထွက်ပြီး ခဏထိုင်လိုက်ပါတယ်.. ချစ်ချစ်ကြီးက မင်း အထဲပြန်ဝင် လိုက်အုန်းတဲ့.. ဘာလို့လည်း ဆိုတော့ မင်း..သမီး တွေက ပြန်ဘို့လုပ်ပြီးမှ မင်းတွေ့လို အထဲ ပြန်ဝင် သွားတယ် တဲ့.. ၊ အဲဒါနဲ့ သူတို့ ပြန်ရဲအောင် ရှောင်ပေးရသေး..၊ သမီးတွေကလည်း ကျနော် များ ဆူမိရင် ငို ငိုသွားတယ်.. ကျနော့် မှာ ဆူမိတာနဲ့ ပြန်ချော့ ရတာ နဲ့ မကာမိတော့ အခုတော့ ကိုယ့် ကို ကိုယ် သတိ ပေးထားတယ်.. သူတို့ ဘာလုပ်လုပ် မဆူနဲ့ မဆူနဲ့ ဆိုပြီး...။

နောက်ဖေး မီးဖိုချောင် ဝင်ပေါက်မှာ လည်း သန့်ရှင်းမှု့ဖြင့် ကူညီပါ .. ပုံ ဆရာမ ဒေါ်ရွှေစင်ဦး တဲ့ဗျာ..၊ ကျနော်က ဆရာမ နံမည် မထည့်နဲ့ ချစ်ညီမ နံမည်ထည့် ဆိုတော့ မဟုတ်ဘူးတဲ့ .. ဆရာမ မှ ကြောက်တာ တဲ့...၊  ပြီးတော့ ညစ်ပတ်လိုက်တာ ..... ရှက်စရာ တောင် ကောင်းသေး ၊ ကျနော်တို့ တိုင်းပြည်မှာတော့ ..... ပုံ ............. လုပ်ရတာ ကျနော်... မတန်ဆုံး.... ထင်တာဘဲ..။

ကဲ.. ဒီနေ့တော့.. ကျနော် ရဲ့ ချစ်မိတ်ဆွေများကို...... အညာဟင်း စစ်စစ်လေး ချက်ကြွေးချင်ပါတယ်....၊ မနေ့က ချစ်သမီးများ ဈေးသွားတော့ မန်ကျီးရွက် ပေါ်ပြီလားဆိုတော့ ပေါ်ပြီတဲ့ .. ၊...အဲဒါနဲ့ မန်ကျီးရွက် နုနုလတ်လတ် လေးတွေ ဝယ်ခိုင်းလိုက်တယ်..။

အဲဒါလေးတွေကို အတတ်နိုင်ဆုံး အရိုးလေး တွေသင်ထား တယ်.. ၊ ကြက်သွန်နီ ဥကြီးတွေ ကို ပါးပါးလှီး ထားတယ်..၊ မြေပဲဆံလေး နဲ့ ပုဇွန်ခြောက်လေး ထောင်းထားတယ်.. ၊ ညက်ညက်လေးပေါ့.. ...၊ ပဲဟင်း ချက်တာ ဆိုတော့ ပဲဟင်းရည်လေး ရွဲရွဲဆန်းတယ်...၊ ဆားလေး အချိုမှုန့်လေး နဲနဲထည့်ပေါ့.. ဆီစိမ်းလေး နဲနဲ စမ်းပြီး အားလုံး ရောနယ်လိုက်တယ်.. အချိုအငံ လေးမြီးကြည့်တယ်..... ကောင်းဗျာ...၊ အားလုံး ကွက်တိ..  စားနိုင်ပါပြီ... မန်းကျီးရွက်သုပ်...တခွက်..။

ဒုတိယ ဟင်းကတော့ ဝက်သား အချိုချက်ဗျ... ဝက်သား ရယ် ကြက်သွန်နီဥ ကြီးတွေရယ်.. ကြက်သွန်ဖြူ ... ဂျင်းပြားလှီး ထားတာလေး ရယ် ရောထည့် ပြီး.... ခရမ်းချဉ်သီး နဲနဲ... အရောင်တင်.. ဆနွင်း ...ဆား.. ပဲငံပြာရည် .... နဲနဲ နဲ့ ကြာညို့ နဲနဲ ထည့် ... ဆီ လောင်းထည့်ပြီး ရေ မထည့်ဘဲ တည့်ထား  လိုက်တယ်ဗျာ...၊ သူရေ နဲ့ သူ တရေခန်း အောင် တည်လိုက်တယ်.. ။

ရေခန်းပြီး ဗျစ်ဗျစ်မြည်လာမှ... ရေ နဲနဲခြင်း ထဲ့ ပြီး ... ဝက်သား တွေ ကို အိနေအောင် တည့်ထား လိုက်တယ်... ဝက်သားများ အချက်လွန်တယ် ဆိုတာ မရှိပါဘူး... ကြာကြာ တည်လေ အခေါက် ရော အသား ရော နူးလာလေ ... စားရတဲ့ အခါ အရသာ ရှိလေ ပါဘဲဗျာ.... ကဲ ကျက် သွားပြီ.. တခွက်... ဝက်သား အိုးကြီး ချက်....။

နောက်တခွက် ကတော့ ပဲကြိုက်တဲ့ အညာသား များ အတွက် .. ရှယ်.. ပဲ .. ပဲကြီး ဟင်းရည်လေး ပါ... ၊ ပဲကြီး ဟင်းဆိုတာ ချိုတယ် မွှေးတယ် ဆိမ့်တယ်.. ၊ စားကောင်းလွန်းလို့ ထမင်း နင့်နေရင် .. ဟင်းရည် ပူပူလေး သာ မှုတ်သောက်လိုက် ထမင်းလေး ကို ရှော ကနဲ ကြသွားမယ်.. လည်ချောင်း ထဲကနေပါ...  ကဲ.. ပဲကြီး ဟင်းရည်ပူပူလေး က တခွက်...။

နောက်တခွက် ကတော့ ငရုပ်သီး လေးမှ မပါရင် ထမင်း စားမဝင်တဲ့ ချစ်မိတ်ဆွေ များအတွက် ငရုပ်သီး ကြော် မွှေးမွှေးလေး ကို အညှာချွေပြီး ကြက်သွန်ဖြူလေး နဲနဲ ထည့် ပြီး  ဆားလေး နဲ့ ရော ထောင်းလိုက် ပါတယ်... ကဲ အညာငရုပ်သီး ထောင်းမွှေးမွှေးလေး.... ။

အောက်ဆုံးဟင်း ကတော့ ငါးခြောက်ချက်ပါ.. ဆိုင်က ဝက်သားမစားတဲ့ ကလေးတွေရယ်.. ချစ်ချစ်ကြီး ရယ် အတွက်.. စာဖတ်သူများလည်း ဝက်သား မစားရင်.. ငါးခြောက်ဟင်း စားနိုင်ပါတယ်.. ငါးခြောက်ချက် က ဆီ တော့ နဲနဲ များသွားတယ်ထင်တယ်.. အရသာ ကတော့ကောင်းပါတယ်...။

နောက်ဆုံး တခွက် ကတော့ ကြိုက်တတ် သူများ အတွက် ဆူးပုတ်ရွက် နုနုလေး တွေကို ဘဲဥ နဲ့ ကြော် ထားပါတယ်... စားတော်မူပါတော့...။

စားကောင်းရင်...သင့်..မိတ်ဆွေများ ပြောပါတဲ့.. စားမကောင်း ရင် ရွှေစင်ဦးလေး ကိုပြောပါတဲ့... ဆိုင်တွေမှာ ရေးထားတာ တွေ့တာဘဲ....။

စားပြီး ထွက် မသွားကြနဲ့ အုန်း ဗျ ... ထမင်း.. ဟင်း ချက်ခ လေးလည်း... ပေးခဲ့ ကြပါအုန်း... နောက်တခါ ထပ်ချက်ဘို့ အားရှိ သွားအောင်လို့ပါ....။

(နှမ်းဖတ်ချဉ် စားချင်သူများ အတွက်လည်း သုပ် ကျွေးပါမယ်.. ဟင်းစပ် မရသေးလို့ပါ...)

လေးစားစွာဖြင့်
ရွှေစင်ဦး

No comments:

Post a Comment