Thursday, July 28, 2011

ရွှေစင်ဦး လေးရဲ့ ချစ်ကိုယ်တွေ့ (၁)

စာရေးသူ-ရွှေစင်ဦး

အင်း အလုပ်ကလည်း သိပ်မရှိတော့ ပျင်းနေတာနဲ့ ချစ်ချစ်ကြီးနောက် လျှောက်လိုက်နေတယ်.. ..... မနေ့ မနက် ကတော့ စက်မှု့ ထဲ သွားမယ် လိုက်မှာ လားတဲ့. ..... ဒါနဲ့ လိုက်သွားပါရော.. ဟိုရောက်တော့ သူက ရုံးထဲ ဝင် သွားတာနဲ့ အပြင်က စောင့်နေတယ်.. စောင့်ရင်း နဲ့ ပျင်းပြီး ရေဆာတာနဲ့ ဘေးနားက ဆိုင် က စားပွဲထိုးလေး ကို လှမ်းခေါ်လိုက်တယ်.. ။

နောက်တော့ သူတခါ ထဲ ယူလာလို့ ရအောင် ဆိုပြီး ပါးစပ်ကလေး ဟပြီး လက်မလေး စိုက်လို့ ပြလိုက် တယ်.. ပြီးတော့ လက်ညှိုးလေး ထောင်ပြလိုက်တယ်..စားပွဲထိုး ကလေး က ကြောင်တောင် တောင် နဲ့ ကြည့်ပြီး ယူမလာဘူး...၊ တခုခု တော့ မှားနေပြီ ဆိုပြီး.. ဟိုကြည့် ဒီကြည့် ကြည့်လိုက်မှ.. အကင် နဲ့ စည်ဘီယာ ဆိုင်တဲ့ မနက်ခင်း ဆိုတော့ လူလည်း သိပ်မရှိတော့ .....မှာတဲ့ လူကလည်း မစူး မစမ်း ဆိုတော့.. အင်း.. လာမပို့တာဘဲ တော်ပါသေးတယ်.. ။

စည်ဘီယာ ခွက်ကလေး နဲ့ ရွှေစင်ဦး လေးကို ချစ်ချစ်ကြီး တွေ့သွားရင်.. တော်တော် နမော်နမဲ့ နိုင်တဲ့ မိန်းမ ဆိုပြီး ကောင်းချီးပေးနေမယ်.. နောက် ပြီးတော့ ရွှေစင်ဦး တို့မူးသွားခြင်း ကနေ ဘီယာ မှာ သောက်ခြင်း ဆိုပြီး နာမည်တွေ ကြီးနေမှာ စိုးရိမ်ပါတယ်....(အမှန်တော့ အမှားကောင်းလေး မမှားလိုက် ရတဲ့ အတွက် စိတ်တွေညစ်နေတာပါ...) ။

စက်မှု့ဇုံရောက်တော့ ၁၁ နာရီလောက်ရှိပါပြီဗျာ... ပူလိုက်တဲ့ နေ ကျဲကျဲတောက် နေတာပါဘဲ... အခု ရက်ပိုင်း မန္တလေး မှာ အရမ်းပူနေတယ်.. ကျနော်တောင် ညီမ မိုမိဂျိ ဘလော့ က ငလျှင် လှုတ်ရင် ဆောင် ရန် ရှောင်ရန် လေး တွေ ဖတ်မှတ် ပြီး ဒီလောက် ပူရင် ငလျှင်တော့ လှုတ်တော့ မှာဘဲလို့...ငါလို ဗဟုသုတ ရှိတဲ့ သူကတော့ အိုကေ ဘဲလို့.. ကြံဖန် ဘဝင်မြင့်နေတာ.. တကယ်လှုတ် မှ အကုန်မေ့ အုန်းမှာ။
မန္တလေး တမြို့လုံးကလည်း ဗျာ ဘီယာ ဆိုင်နဲ့ အကင်ဆိုင်ကြီး ပါဘဲ... ရေဆာ ၍ ဘီယာ များ သောက် နေကြလား မသိပါဘူး...၊ ရေဆာ လို့ သောက်စရာ အအေးဆိုင် က ရှာမတွေ့ဘူး.. ချစ်ချစ်ကြီး သွားဝယ်ခိုင်းတော့ ဘီယာ ဆိုင်ထဲဝင် ရေဝယ်ရမှာ သူ့သိက္ခာ ချတယ်လို့များ ထင် နေလား မသိပါဘူး.. မင်းကလည်း ရှိတဲ့ ရေ သောက်လိုက်စမ်းပါ ဆိုတာနဲ့ ရေပူပူ လေး သောက်ခဲ့ ရပါတယ်.. နောက်များတော့ ရွှေစင်ဦး ကို ဘယ်တော့ မှ ခေါ်လို့ ရမယ်မထင်နဲ့ ချစ်ချစ်ကြီးရေ...။

ကျနော် လည်း ချစ်ချစ်ကြီး နဲ့ လျှောက်သွားရင်း နဲ့ ဟိုး နှစ်ပေါင်း များစွာက ရွှေစင်ဦး လေး အလိုလိုက်ခံ ရတာလေးတွေ ကို ချစ်ညီမများ သူငယ်ချင်း အပျိုကြီးများ သားရေကျအောင် အတုယူမှားအောင် ရေးပြချင် တဲ့ မကောင်းတဲ့ စိတ်ကလေး ဝင်လာလို့ နဲနဲလောက် ရေးပြချင်ပါတယ်..။

ကျနော် ဟာ တသက်လုံး ရီးစား တခါဘဲ ထားပြီး ဒီတယောက် နဲ့ ဘဲ အိမ်ထောင်ကျ တဲ့ အတွက် ယောက်ကျား များနဲ့ ပတ်သက်ရင် အတော် ဗဟုသုတ နဲ တယ် လို့ ပြောရပါ့မယ်.. ဒီ့အတွက် လည်း ခုထိ နောင်တ ရနေတုန်းပါ... ရွှေစင်ဦး တို့များ အ လိုက်တာ ရီးစားထားရမဲ့ အရွယ်တုန်းက ၄-၅ယောက် လောက် များ ပြိုင်ထား ခဲ့ရင် သိပ်ကောင်းမှာ ဘဲလို့.. ။

အဲဒီလိုများ ထားခဲ့ရင် .. ဘလော့ ရေး လို့ ဘယ်လောက် ကောင်း မလည်း .. ပိုစ် တွေကို အများကြီး ရမှာ (ကိုကြီးကျောက်ကြီး ကို စောင်းမပြောပါ). ခုတော့ ချစ်ချစ်ကြီး တယောက် ထဲ ဆိုတော့ ရေးရတာ သိပ်မလုံလောက် သေးသလိုဘဲ.. အ လိုက်တဲ့ ရွှေစင်ဦး... အမြင် မကျယ်လိုက်တဲ့ ရွှေစင်ဦး. နောင်ရေး ကို မတွက်ချက်တတ် တဲ့ ရွှေစင်ဦး.... နင် တနေ့ ဘလော့ဂါ ကြီး ဖြစ်လာမှာ မသိဘူးလား ရွှေစင်ဦး.. ကိုကို့ အတွက် တပို့စ် မောင်မောင့် အတွက် တပို့စ် .. သူကလေး အတွက် တပို့စ်... အဟင်း ခုတော့ ချစ်ချစ်ကြီး က ကို မတက်တော့ဘူး ပျင်းစရာကောင်းလိုက်တာ ရွှေစင်ဦး ရယ်...(ကိုယ့် ကို ကိုယ်.. အပြစ်တင်ခြင်း)။

အခုအချိန် ကစပြီးတော့ သင်ခန်းစာ အမှတ် (၁) အနေ နဲ့ ရီးစားထားလို့ ရတဲ့ အရွယ်လေး မှာ အားကျိုးမာန်တက် တယောက် မကောင်း နောက် ၂ယောက်ပြောင်း ဆိုတဲ့ မူ နဲ့ များများ ထားကြပါ...၊ ဒါမှ ချစ်ညီမ များ ဘလောဂါ ဖြစ်လာ တဲ့ အခါ ပို့စ် တွေ အများကြီး ရေးနိုင်မှာ ဖြစ်ပါတယ်...၊ ရီးစား ထားကြတဲ့ အခါမှာ အားကျသွားကြအောင် အခု ရွှေစင်ဦး ရဲ့ ချစ်ကိုယ်တွေ့ လေး (၁) ကို ရေးပြပါမယ်...။

ကျနော့် ရဲ့ အားနဲချက်လေး တခုကို အခုထိ ရွှေစင်ဦး ကို ချစ်သူများ ကို ရေးမပြရသေးဘူးထင်ပါတယ်.. ကျနော် ဟာ ငယ်ငယ်တုန်းက အင်မတန်မှ ရွံတတ်ပါတယ်...၊ စိတ်ထဲ မှာ မသန့် တာတွေ့ရင် တဝေါ့ဝေါ့ နဲ့ လူမြင် မကောင်းအောင် ထိ ဆိုးဝါးဘူးပါတယ် (...အချစ် ဝတ္ထု များ စုံထောက် ဝတ္ထု များ အလို အရဆိုရင် စိတ်ဝေဒနာ တခုခု ရှိတယ်လို့ တောင် ထင်ရပါတယ်.. လက်ကို ဆပ်ပြာနဲ့ တော့ ခဏခဏ မဆေးဘူး ပါ ..... ထို့ အတွက် သိပ်မရူးသေးဘူး လို့ လည်း ယူဆလို့ ရပါတယ်...) ။

အဲဒီလို ရွံတတ်တဲ့ ရွှေစင်ဦး ဟာ တနေ့မှာ ချစ်ချစ်ကြီး နဲ့ လျှောက်လည်ရင်း ဟိုရောက်... ဒီရောက် ရောက်သွားပါတယ်...၊ ဘိုက်နာပြီး အိမ်သာ တက်ချင်လာပါတယ်..၊ ဟိုရှာ ဒီရှာ နဲ့ ဒုက္ခရောက် နေ ပါတယ် နောက်တော့ ချစ်ချစ်ကြီး က အနား ရှိတဲ့ အိမ်သာ တလုံး တက်ဘို့ စီစဉ်ပေး ပါတယ်...၊ အားရ ဝမ်းသာ နဲ့ အိမ်သာ ထဲ ဝင်သွားပါတယ်...။

ဝေါ့ ဆိုပြီး အိမ်သာထဲက ပြန်ထွက်လာပါတယ်...၊ တွင်းအိမ်သာ (သွပ် တံလျှောက်လေး တောင် မပါ တဲ့  အိမ်သာ ဆိုတော့ အထဲက ဟာတွေ မြင်နေရပါတယ်...)..၊ ရွှေစင်ဦး ရဲ့ ဟိုဟာက ထွက်လို့ မရ ဖြစ်နေ ပါတယ်..၊ ဒါနဲ့ ချစ်ချစ်ကြီး ကို ပြောပြတော့.. ဟိုကြည့် ဒီကြည့် လုပ်ပြီး အနားက ကောက်ရိုးပုံ က ကောက်ရိုး တပွေ့ ပွေ့ပြီး အိမ်သာ ထဲ ကဟာတွေ ရွှေစင်ဦး မမြင်အောင် ဖုံးပေး ပါ တယ်.. ရွှေစင်ဦး လေး လည်း အဲ့ဒီကြမှ အားလုံး အဆင်ပြေ သွားပါတော့တယ်...။

ကဲ.. ဘယ်ကလောက် စိတ်ကူးယဉ်စရာကောင်း တဲ့ ဂရုစိုက်မှု့လေး တခုပါလည်း.. ၊ ဒါကတော့ ပျင်းပျင်း ရှိတာနဲ့ ရှာကြံပြီး ရေးလိုက်ရတဲ့ ရွှေစင်ဦး လေးရဲ့ ချစ်ကိုယ်တွေ့ (၁) ပါ.. နောက်ထပ် ပျင်းနေရင် (၂) (၃) များ ဆက်ရေးပေးပါမယ်...။

လေးစားစွာဖြင့်
ရွှေစင်ဦး

No comments:

Post a Comment