Saturday, July 30, 2011

ရွှေစင်ဦး ကြိုက်တဲ့ အညာဟင်းလေးများ (၁ဝ)

စာရေးသူ-ရွှေစင်ဦး

ကျနော် အကြိုက်ဆုံး အညာဟင်းတခွက်ပါ.. ပုန်းရည် နဲ့ ဝက်သား... လက်ပံခေါင်းခြောက်.. ခရမ်းသီးခြောက်.. ခရမ်းသီး အစို နဲ့ ချက်ပါတယ်...

ဝက်သား နဲ့ လက်ပံခေါင်းခြောက် နူးအောင်ပြုတ်.. ဆီသတ်ပြီး အားလုံးရော ... ခရမ်းသီး အစိုရော အခြောက်ရော ထဲ့ ပုန်းရည်ကြီး အရည်ဖျော် ထဲ့ မွှေးလာရင် ကျက်ပါပြီဗျာ.. ဟင်းရေလေးနဲ့ ချက်ပါတယ်....

နောက်တခွက် ကတော့ ငါးပုဏ္ဏား ကို ရေလယ် ဆီလယ် လေး ချက်ပါတယ်.. နောက်တခွက် ကတော့ အာလူး..ခရမ်းသီး..ပဲသီး ရောထားတဲ့ ဘာဂျီကြော်လေးပါ...

အညာ ငရုပ်သီး ထောင်း လေးကတော့ မပါမဖြစ်ပါ... အောက်ဆုံးကတော့ ကိုကြီးကျောက် အကြိုက် မစီမာ အချဉ်ပေါင်း အအီပြေလေးပါ.... တယောက် တထုတ်ဘဲနော်..

လေးစားစွာဖြင့်
ရွှေစင်ဦး
.

No comments:

Post a Comment