Thursday, July 28, 2011

ချစ်ချစ်ကြီး ရဲ့ ချစ်

စာရေးသူ-ရွှေစင်ဦး
တခါ တလေ ကြတော့ လည်း အတိတ် ကို ထားခဲ့ရတာ လွမ်းဆွတ် မိသား ... အချိန်တော်တော် ကြာကြာ မေ့ ထားပေမဲ့ အစိုးမရတဲ့ စိတ်က အတိတ် ကိုပြန်ပြန် သွားတဲ့ အခါ... သတိရချင် စရာတွေ ကို သတိရမိသလို... မေ့ချင်စရာ တွေကို လည်း သတိရမိတယ်...။

ဟိုးအရင်.. ရွှေစင်ဦး တို့ သမီးရီးစား ဘဝက ချစ်ချစ်ကြီး အိမ်ကို အမြဲ ဝင်ထွက် နေပါတယ် ချစ်ချစ်ကြီး မိဘ များက အဆောင်ဖွင့် ထားပါတယ်.. ယောက်ကျားလေး ၂၀လောက် မိန်းခလေး ၂၀လောက် နဲ့  ပျော်စရာ ကြီးပါ.. ချစ်ချစ်ကြီး မေမေ က ထမင်းပါကျွေးပါတယ်....။

ထမင်းဟင်း ချက်ပြုတ်ပြီးရင် ဟင်းထဲ့တဲ့ ပုဂံလေးတွေ နဲ့ တယောက်စာ တယောက်စာ ကြောင်အိမ် အကြီးကြီးထဲ မှာ ထည့် ထားပါတယ်... ရွှေစင်ဦး အဲဒီဟင်းခွက်တွေ မြင်တော့ မှ သြ ဟင်းဆိုတာ အဲလို မျှမျှ တတ ခွဲဝေစားရတာပါလား ဆိုတာ သဘောက်ပေါက် ပါတယ်....။

ကျောင်းသူ ကျောင်းသား တွေက ချစ်ချစ်ကြီးကို ချစ်ကြသလို ရွှေစင်ဦး ကိုလည်း ချစ်ကြပါတယ်... အဲဒီ မှာ မြန်မာပြည် အနယ်နယ် အရပ်ရပ် က မိတ်ဆွေ တွေ ရ သလို ဖြစ်ရပ်မျိုးစုံ ကိုလည်း တွေ့ရပါတယ်.. တခါက ရှမ်းပြည်ဘက်က ကျောင်းသူတယောက် ဖြစ်ရပ်ကတော့ တမျိုးဗျ...။

သူက အဆောင်မှာ ချမ်းချမ်းသာသာ နေရတဲ့ အသိုင်းအဝိုင်းထဲကလို့ ယူဆလို့ရအောင် သုံးနိုင်ဖြုန်းနိုင် ပါတယ်...၊ အသုံးအဆောင်ပစ္စည်း တွေကလည်း အဲဒီရှားပါး တဲ့ ခေတ်မှာကို အကောင်းစားတွေ သုံးပါတယ်... တနေ့တော့ အဆောင်ဧည့်ခန်းထဲမှာ အဲဒီ ကျောင်းသူ ကို တွေ့ချင်လို့ အမျိုးသား တယောက် လာတွေ့ပါတယ်.. ကြမ်းကြမ်း တမ်းတမ်း နဲ့ အဲဒီ ကျောင်းသူ ကို အရှက်ခွဲဘို့ တမင် ရောက် လာ ခဲ့ခြင်းဆိုတာ သိသာပါတယ်....။

ဒီကျောင်းသူက အဲဒီ ယောက်ကျား ကြီးကို တွေ့တော့ ပြာနေအောင် ကြောက်သွားပါတယ်.. အပြင်မှာ သွားစကားပြောဘို့ ခေါ်ပါတယ်.. မရဘူးဗျ.. လူတွေကြားထဲမှာကို အော်ကျယ် အော်ကျယ် နဲ့ ပြောပါတယ်... တကယ်တော့ ဒီကျောင်းသူလေး ရဲ့ ယောက်ကျား မကြ သမီးရီးစား မက တဲ့ သူ့မြို့က ချစ်သူပါ... ပညာမတတ် ပေမဲ့ စီးပွားရေး ကောင်းတော့ အဲဒီလူ ရဲ့ အထောက်အပံ့ ကို ယူပြီး ကျောင်းသူ လေးက ကျောင်းလာ တက်ပါတယ်... ကျောင်း မှာ နောက်ရီးစား တယောက် နဲ့ တွေ့နေ ပါတယ်.. အဲဒီမှာ ဟိုလူက ဒေါသ ဖြစ်ပြီး လိုက်လာတာပါ...။

ဒေါသ ဖြစ်တာမှ ဗျ ... တကယ့်ကိုဘဲ ကျောင်းသူ လေး ပစ္စည်း ထဲ့လာတဲ့ သေတ္တာ က စပြီး တခြား ကက်ဆက်... အင်္ကျိ လိုမျိုးထိ ချက်ခြင်း ပြန်ပေးခိုင်း တာပါ... အမယ်လေးဗျ.. လူကြား ထဲမှာ အားလုံး ပေးလိုက်ရတယ်.. အရှက်ကို ဗျန်းဗျန်းကွဲရော မကောင်းလိုက်တဲ့ ယောက်ကျား .....။

နောက် ကျောင်းသူ တယောက် ကတော့ မန္တလေး မြို့ နား တဝိုက်ကပါဘဲ... ယောက်ကျားလေး သူငယ်ချင်း ဆိုတာတွေ နဲ့ တတွဲတွဲ ပါ... ချစ်ချစ်ကြီး မေမေက အမြဲတန်း သတိပေးပေး နေရတဲ့ တယောက် ပါ... အဲဒီ တယောက် ကတော့ တခါထဲ ပူလာတာက... ဗိုက်..ပါ... နောက်တော့ ဘယ် သူငယ်ချင်း က မှလည်း တာဝန်မယူတော့ အရှက်တကွဲ နဲ့ ကျောင်းကထွက်ပြီး အဖေ မရှိတဲ့ ကလေး လေး မွေးရပါတယ် တဲ့ဗျာ... ။

ကျောင်းသား တွေ ကလည်း အစုံဗျ... အဲဒီမှာ တော်တော် ချောတဲ့ ကျောင်းသား တယောက် ပါဘူး သေးတယ်... အားအားရှိ မှန်ကြည့် သနပ်ခါးလိမ်း နေတာ... နောက်တော့ လုံးရာ ကနေ တခါထဲ ပြားသွား ပါလေရောဗျာ....။

ယောက်ကျား မိန်းမ ၂မျိုး လုံး ရောထားတယ်ဆိုပေမဲ့... အိမ်ကြီးက အကျယ်ကြီးပါ ... အဆောင် ၃ဆောင်ပါ... အလယ်အဆောင်မှာက မိသားစုနေပြီး ကျောင်းသူ ကျောင်းသား တွေကို ဘေးတဖက် တချက် မှာ သီးသန့် ခွဲထားပါတယ်.. ချစ်ချစ်ကြီး အမေ က အင်မတန် စည်းကမ်း ကောင်းပါတယ်... ။

သူ့ရဲ့ မှတ်လောက် ဖွယ်ရာ စည်းကမ်း တချက်ကတော့ ဒီအဆောင် မှာ နေရင် ရီးစား မထားရ... ရီးစား ရှိပြီးသား ဆိုလည်း အဆောင် မထားပါ... ဆိုတဲ့ ထူးဆန်းတဲ့ စည်းကမ်းချက်ပါဘဲ... တက္ကသိုလ် တက်နေတဲ့ သူတွေ ဘဲ ထားကြမှာပေါ့ဗျာ.. ဒါပေမဲ့ ဒီအဆောင်မှာ တော့ မရဘူးဗျ... မိဘ တွေကတော့ သဘောကျ ကြလို့ အလုအယက် ထားကြတာပေါ့... ကျောင်းသူ ကျောင်းသား တွေက တော့ ဘယ်ကြိုက် ပါ့မလည်း....ဒါပေမဲ့ ...ရောမ ရောက်ရင် ရောမ အတိုင်းပေါ့....။

အဲဒီ ကျောင်းသူ ကျောင်းသား တွေထဲမှာ လည်တဲ့ လူတွေ ပါသလို..  တော် တော် ရိုးတဲ့ သူတွေ လည်း ပါပါတယ်...အမျိုးမျိုးပေါ့....၊ ကျောင်းသူ/ကျောင်းသား အများစုက ကျနော့် ကို မမရွှေစင်.. ချစ်ချစ်ကြီး ကို ကိုကိုကြီး နဲ့ လေးလေး စားစား ခေါ်ကြပါတယ်....။

ရွှေစင်ဦး က အခုရေးတဲ့ စာတွေ ထဲမှာ သာ အသက်ကကြီး အချိန်က မစီးတော့ အရှက် နဲနဲ နဲ့ ချစ်ချစ်ကြီး ချစ်ချစ်ကြီး ခေါ်ပေမဲ့ အပြင်မှာတော့  အဝိဇ္ဇာ တရား များဖုန်းလွှမ်း နေ တဲ့ ရွှေစင်ဦး ဟာ အကြင်နာ စိတ်ကလေး တွေ များနေရင် မောင် တဲ့  အကြင်နာ စိတ်ကလေး များ နဲပါးနေရင်တော့ ကို............. တဲ့... ချစ်ချစ်ကြီး က တော့ လူ့ရှေ့သူရှေ့ ဆိုရင် တော့ ဒေါ်ချစ် တဲ့ လူ့ကွယ်ရာ ဆိုရင်တော့ ချစ် ရေ တဲ့... ဘယ်တော့ မှ နံမည် မခေါ်ဘူးပါ...။

အင်း အဲဒီ သမီးရီးစား ချစ်ကောင်း တဲ့ အချိန်တုန်းက လည်း အမြဲတမ်း ချစ် ရေ ချစ် ရေ နဲ့ တချစ် ထဲ ချစ် နေမှာ ကြားယောင် သာ ကြည့်ကြပါတော့.... ၊ အဲလာပါပြီ အဆောင်ကျောင်းသား ထဲက မအူမလည် တယောက် မွန်မွန်ရည်ရည် နဲ့ ရိုးရိုးသားသား ပါဘဲ... သူများတွေက ဘယ်လို ဘဲ မမရွှေစင် ခေါ်ခေါ် သူက မကြားတာလား ရိုး တာလား တော့ မသိဘူး.. ။

ကျနော် ကို အမြဲဘဲ မမချစ်... မမချစ် နဲ့ ခေါ်ပါတယ်... ကျနော် လည်း စကြားတုန်း ကတော့ ဒီလူ နောက်တာလား ပေါ့... နောက်တော့မှ သူက ရိုးရိုး ဘဲ ချစ်ချစ်ကြီးက ချစ် လို့ ခေါ်တော့ ကျနော် နံမည် မှာ ချစ် ပါတယ် ထင်ပြီး လေးလေး စားစား နဲ့ ခေါ် နေတာပါလား ဆိုတာ သဘောပေါက် သွားပါ တယ်..။

သ စကား ပြောတာ ကလည်း မြန်တော့ ခေါ်ရင်းတန်းလမ်း မမချစ်.. မ..ချစ် ကနေ တခါ တလေ ကျနော့် နားထဲ ချစ် လို့ ကြားလို့ မောင် လို့တောင် ပြန်ထူးချင်သေး.... တရက်တော့ ဗျာ .. ချစ်ချစ်ကြီး ရှေ့မှာ မမချစ် ခြင်း ထပ်ပြီး စကားတွေ ပြောပါတယ်... ချစ်ချစ်ကြီး ကတော့ မျက်နှာကြီး နီနီ လာပါ တယ်... နောက် ကျောင်းသား လည်း ထွက်သွား ရော ဟေ့ မင်းကို မမချစ် တဲ့လား တဲ့.. အင်း ဟုတ်တယ် လေ အမြဲတမ်း သူက အဲလို ဘဲ ခေါ်တာ ... ဆိုတော့ ရှင်း မပြဘူးလား တဲ့ ... မရှင်းပါဘူး လို့ သူ ရှက်သွားမှာ စိုးလို့ပါ လို့....။

ခေါ်စမ်း ပါစေ မမချစ်.. မမချစ် တဲ့ ဟားဟားးးးးးး  ဆိုပြီး ကျနော် က စတော့ အမယ် လက်သီး နဲ့ ထိုးချ လိုက်တာဗျာ... ဒုန်း ကနဲ နေတာဘဲ..... ချက်ခြင်းကို ဖူးရောင်လာတာဘဲ ... ချစ်ချစ်ကြီးရဲ့ လက်သီးပါ ..  နံရံကြီး ကတော့ တုတ်တုတ်မျှမလှုပ်...။

လေးစားစွာဖြင့်
 ရွှေစင်ဦး

No comments:

Post a Comment