Wednesday, July 27, 2011

ငယ်ဘဝများ (၁၆) နှင့် ရွှေစင်ဦင်္း မူးသွားခြင်း အပိုင်း (၂)

စာရေးသူ-ရွှေစင်ဦး
တနေ့ တနေ့ ရေးစရာ တွေက ကုန် မကုန် နိုင်ဘူး ဆိုပြီး... စဉ်းစားမိပေမဲ့ .. ရေးစရာ လေး စဉ်းစားမိတော့ မရေးးဘဲမနေနိုင်...၊ ကျနော် ကွမ်းမူး တဲ့ အကြောင်းရေးတော့ ကျနော် နဲ့ ဘဝတူတွေ တော်တော်များ တာ တွေ့ရတယ်.. မူး တဲ့ ထဲတော့ ကွမ်းမူးတာ တော်တော်ဆိုးတော့ အားလုံးက မှတ်မိနေကြတာပေါ့..။

ကဲ နောက် တမူးလေး ဆက်လိုက်ကြရအောင်....၊ comment ထဲမှာ ခေါင်ရည်မူးတာ တွေ့လိုက်ရလို့ ကျနော် လည်း ကျနော် ခေါင်ရည် မူးတာလေး ပြန်သတိရ လာတယ်ဗျ...။

ကျနော့် ဖေဖေ မြစ်ကြီးနား ကို ဒုတိယ အကြိမ် ပြောင်းရတယ်..၊ မေမေ နဲ့ အတူပြောင်းသွားကြတာပေါ့..၊ ဒါပေမဲ့ နောက်ပိုင်း ကြ မေမေ က ပျင်းလာလို့ မန္တလေး ပြန်လိုက် မြစ်ကြီးနား သွားလိုက် တလှည့်စီ လုပ်နေတယ်..၊ မေမေ မန္တလေး နေတဲ့ အလှည့်ကြရင်.. ဖေဖေ နဲ့ တယောက် လိုက်နေ ပေးရတယ်..၊ ဘယ်သူမှတော့ မလိုက်ချင်ဘူးဗျ.. ပျင်းစရာကောင်းလွန်းလို့.. ပြီးတော့.. ဖေဖေ လည်း ကြောက်ကြ တာကိုး...။

ဒါပေမဲ့.. အဖေ ဆိုတော့ လည်း သနားလို့ တလှည့်စီနေပေးရတာပေါ့..၊ ပထမ အကြိမ် အလှည့်ကြတာက ကျနော့် ညီမ အငယ်ဆုံး သူက အဲဒီတုန်းက ၆ တန်းလား ၇ တန်းလား မသိဘူး ရောက်နေပြီ.. ဒါပေမဲ့ ဖေဖေ ကို ထမင်းတော့ ကောင်းကောင်းချက်ကျွေး တတ်နေပြီ.. ပြီးတော့ တအိမ်လုံး ဘယ်သူမှ မလိုက်ချင်တော့.. သူ့ကိုတွန်းပို့ လေး ပို့လိုက်ကြတာ..၊ သူ ကလည်း အမြဲတန်း စပ်စပ်စုစု နဲ့ ဆိုတော့ ပါသွားရောဗျာ...၊ ဒါပေမဲ့ သူကလည်း တောင်းဆိုမှု့ လေးနဲ့ မောင်လေး လိုက်မှ သူ လိုက်မယ်ပေါ့..၊ သူ့မောင်လေး ကလည်း ကြည့် အုန်း .. အဲဒီတုန်းက ၂တန်းလား ရှိသေး.. ငယ်ငယ်လေး... ဒါပေမဲ့ ဖေဖေ ကလည်း သူတယောက်ထဲ ဆိုတော့.. လိုက်သမျှ.. သူ့အတွက် အမြတ်ဆိုပြီး.. အတင်းခေါ်တယ်..၊ မေမေက သူ့သားလေး ကြ မထည့်ချင်ဘူး.. ဒါပေမဲ့ ညီမ မလိုက်ရင် သူ့ဘက်လှည့်လာမှာ ကြောက်တော့ ထည့် လိုက်ရတယ်..၊ သူ့ တို့ ၂ယောက် အလှည့် တလလောက်နေပြီးတော့ ပြန်ရောက်လာတယ်ဗျ.....။

ညီမ က မြစ်ကြီးနား မှာ သူ နဲ့ မောင်လေး နဲ့ လည် ခဲ့တဲ့ အကြောင်းတွေနဲ့ သူတို့ ၂ယောက်နဲ့  ငါးကြီး တကောင်နဲ့ ဇာတ်လမ်းပြောပြတယ်...၊ မရောက်ဘူး တဲ့ နေရာတွေလည်တာတော့ ထားလိုက်ပါတော့ဗျာ..၊ ငါးကြီး အကြောင်းပြောရအောင်...ကျနော် တို့ ဖေဖေ က မြစ်ကြီးနား တက္ကသိုလ် ဝန်းထဲက ယောက်ကျားလေး အဆောင်ထဲမှာ တထပ်တိုက်ပုလေး မှာ နေရတယ်ဗျ..၊ ရောက် တဲ့ နေ့က ညီမ တို့ ၂ယောက် ကို အိမ်မှာ ထားခဲ့ပြီး.. ဖေဖေ က သူသွားချင်ရာတွေ လျှောက်သွားတယ်တဲ့..၊ ညနေကြတော့ လက်ထဲ မှာ ငါးကြီး တကောင် ဆွဲပြီး ပြန်လာတယ်တဲ့.. ငါးကြီး ကလည်း အကြီးကြီး.. ပြီးတော့ ညီမကို ကဲ ငါးဟင်းချက် ထားလိုက် တော့လို့ ပြောပြီး ပြန်ထွက်သွားတယ်တဲ့...။

အမှန်တော့ဗျာ.. ညီမက သူ့ ကိုချက်ပြုတ်ကျွေးမယ် ဆိုတော့ သူက ဟင်းစားရှာလာတဲ့ သဘောပေါ့ ..ငါး ကြီး ဝယ်ချလာတာ...၊ ကျနော့် တို့ မန္တလေး မှာ ငါးဟင်းချက်တယ်ဆိုတာ .. ဈေးက အစိတ်သားဆို အစိတ်သား အချိန်နဲ့ ဝယ်ပြီး အားလုံး တုံးတစ် ခိုင်းပြီးမှ အိမ်ရောက်တော့ ရေဆေးချက်ရုံဘဲ.. ကျနော် ဆို  အသား၊ ငါး ကိုယ်ဘာသာ ချက်ရင် ဘယ်တော့ မှ အဲဒီဟင်းနဲ့ ထမင်း မစားဘူး၊ နောက်ပြီး အဲဒီအသား အေးစက်စက် ကြီးတွေ ကိုမကိုင်ရဲဘူး.. ဟင်းချက်ရင်၊ ရေဆေး ရင် ဇွန်းနဲ့ မွှေပြီးမှ ဆေးတာ.၊ ဆား ဆနွင်း နယ်ရင် လည်း အဲဒီလိုဘဲ ဇွန်းနဲ့ ဘဲနှယ်တာ..၊ ငါး ကိုတော့ စားလို့ရသေးတယ် ၀က်သား တို့ ဘာတို့ဆို စားမရတော့ဘူး..။

ညီမ အဖြစ်ကြတော့ သူနဲ့ မောင်လေး နဲ့ အဲဒီ ငါးကြီး ကို ဘယ်လို လုပ်ရမှန်း မသိတာနဲ့ တစိမ့်စိမ့် ထိုင်ပြီး ကြည့် နေတယ်တဲ့..၊ ကြည့် ရင်းနဲ့ ငါးကြီးကလည်း နဲတာကြီး မဟုတ်တော့ သူ့စိတ်ထဲ မှာ ကြောက် ကြောက်လာပြီး.. ငါးကြီးများ လှုတ်လာ လားလို့..  ထင်ပြီး ... မောင်လေး ရေ ငါးကြီး က လှုတ်များ နေလားဆိုတော့.. မောင်လေး ကလည်း ဟုတ်တယ်ထင်တယ်..ဆိုပြီး..၊ နှစ်ယောက်သား ကြောက်လာ တာနဲ့ အိမ်ရှေ့ပြေးထွက်ပြီး ငါးကြီး ပစ်ထားခဲ့ ပါလေရော...တဲ့ဗျာ..၊ ပြီးတော့ အိမ်ထဲလည်း ပြန်မဝင်ရဲတော့ အိမ်ပေါက်ဝမှာ ငုတ်တုတ်ထိုင်နေကြသတဲ့......၊ လာပါပြီ... ကျနော့် ဖေဖေ .. သူကတော့ စိတ်ကူးယဉ် ပြန်လာမှာပေါ့.. ငါးဟင်း များ စားရမလား.. ငါးကြော် များ စားရမလား..ဆိုပြီး..၊ ငါးဟင်း တော့ မစားရဘူး.. အိမ်ပေါက်ဝမှာ ငုတ်တုတ်လေး ထိုင်ပြီး တရှုံရှုံ ငိုနေတဲ့ မောင်နှမ ၂ ယောက် နဲ့ မန္တလေး ပြန့်ပို့တော့ ဆိုတဲ့ စကားလေး ကြားလိုက်ရတော့.. ကျနော့် ဖေဖေ ခမျာ ဘယ်လောက် အမောဆို့ သွားမလည်း..သား သမီးများ မလိမ္မာတာ...အဟဲ..။

သူ တို့ အလှည့် ပြီးသွားတော့ လာပါပြီ.. ကျနော့် အလှည့်.. ကျနော် ကတော့ တောင်းဆိုမှု့တွေ တသီကြီး နဲ့ လိုက်တယ်ဗျ..၊ ပထမဆုံး အချက်က ငါးကြီးဝယ်မပေးဘို့ပေါ့.. ဒုတိယ က ၂ပတ်အပြင်ပို မနေဘူးပေါ့.. (နေ လို့ လည်း မရဘူး လေ.. နောက်က ချစ်ချစ်ကြီးက တန်းလန်း တန်းလန်း..နဲ့ မြန်မြန် ပြန်မလာရင် တော့ လိုက်လာမှာဘဲ..အဟင့်..ဟင့် တဲ့....) ဒါနဲ့ ကျနော်လည်း မြစ်ကြီးနား ပါသွားပါလေရော.. မှတ်မှတ်ရရ ကျနော့် တသက်မှာ အဲဒီ မြစ်ကြီးနား အသွားအပြန် ၂ခါဘဲ လေယဉ် စီးဘူးတယ်..၊ အသွားစီးတုန်းကတော့ လေယဉ် ပြတင်းပေါက် ကနေ တိမ်တွေ့ကြည့် .. အောက်ကိုလှမ်း ကြည့်တယ်... ၊ တခါကြည့်လည်း ဒီတောင် ဒီ မြစ်ကြီး (ဧရာဝတီ) ဆိုတော့ ကျနော့် စိတ်ထဲမှာ လေယဉ်ကြီးက ရပ်များနေလေသလား.. ၊ ဘယ်ပါဆင်ဂျာ များစောင့်နေပါလိမ့်...၊  ငါတော့ လေယဉ်ပျက်ကြရင် ချစ်ချစ်ကြီးနဲ့ ခွဲရတော့ မှာဘဲ ၊ ဆိုပြီး ကြောက်လိုက် တာဗျာ.. ။

မြစ်ကြီးနား ရောက်သွားတော့.. ကျနော့် ဖေဖေက နဲနဲတော့ လျှော့သွားတယ်ဗျ.. ရွှေစင်ဦး နင် ထမင်းမချက် ချင်ရင် ငါတို့ ဦးမခေါ (ကချင်ကြီး ဆိုင်) ဆိုင် သွားစားမယ်လေတဲ့..၊ ကျနော်လည်း နေလို့ ရတုန်း နေထားအုန်းမှ ဆိုပြီး ဆိုင်သွားစားကြတယ်ဗျ...ကျနော်က.. ထမင်းပေါင်းစားတာ ဝက်စတူး ဟင်းရည်တွေ ဆမ်းပြီး အသားတွေကလည်း နူးအိနေတော့ စားလို့  တော်တော်အရသာ ရှိတယ်..။

နောက်တနေ့တော့ စပါပြီ စီတာပူဈေး လေးနဲ့ ကျနော်နဲ့..၊ ဖေဖေက စီတာပူ ဈေး ရှိတဲ့ နေရာ လမ်းညွှန် ပြတယ် ...အဲဒီမှာ ဝယ်ချက်ပေါ့တဲ့.. ကျနော်လည်း ပထမ တရက်က မနက် ၇ နာရီလောက် ထ ပြီး ရှိုး တွေ ဘာတွေ ထုတ်ပြီး (ကချင် ထီးလေးများ အပိုဆု ရမလားလို့) ဈေးသွားတယ်ဗျ..၊ ဈေးရောက်တော့ ခွေးတွေ နဲ့ ကျနော်နဲ့ဘဲ ရှိတယ်..၊ အဲဒါနဲ့ စုံစမ်းကြည့်တော့ ဒီအချိန်ဆို ဈေးကွဲပြီတဲ့..၊ ကျနော် လည်း အတော် စိတ်ညစ် သွားတယ်...၊ ဒီအချိန် ဈေးကွဲတော့ ဘယ်အချိန်များ ဈေးရောင်းကြလည်းပေါ့... မနက် ၄ နာရီလောက် မီးခွက်ထွန်း ရောင်းကြတာဆိုဘဲ... အမယ်လေး နှိုတ်စက်ပါ့ စီတာပူ ရယ်.. ဒီဇင်ဘာ လ ရေခဲအောင် အေးနေတဲ့ အချိန်ကြီး မနက် ၄ နာရီ ဈေးဝယ်ထွက်ရရင်တော့ သေပါပြီပေါ့.. နှိုတ်စက်ပါ့ ..ဖေဖေ ရေပေါ့..။

အပိုင်း (၃) ဆက်ရန်

လေးစားစွာဖြင့်
ရွှေစင်ဦး

No comments:

Post a Comment