Thursday, July 28, 2011

ချစ်ချစ်ကြီး နဲ့ ရွှေစင်ဦး တို့ရဲ့ ချစ်ခရီး ၂၉ နှစ်

စာရေးသူ-ရွှေစင်ဦး

ဒီနေ့ တနေ့ကုန် အမှားတွေ ကျူးလွန်နေတယ်ဗျ..၊ မနက်မိုးလင်းကထဲက ချစ်ညီမ က ခရီးသွား မှာ မလို့ လစာစာရင်း တွေ အကုန် အဆင်သင့် လုပ်တယ် ..၊ အားလုံးလည်း ပြီးသွားပြီ.. ညီမ ကလည်း စိတ်ချ လက်ချ သွားပြီ...၊ ကျနော် နဲ့ လစာ အိပ်ကြီး နဲ့ ကျန်နေတယ်..၊ ကျနော် လည်း.. ပြီး ပြီးရော ငါ့ လက်က လွတ်.. ကျွတ်.. အေးရော ဆိုပြီး အကုန် လစာတွေ ပေးပြစ်လိုက်တယ်..။

ကလေး တွေက အံသြ နေကြတာ.. ဆရာမ ဘာလို့လည်းတဲ့.. ကျနော် က လည်း အဲဒါကို သဘော မပေါက်ဘူး.. နောက်မှ ဒီနေ့ လမကုန်သေးဘူး လေတဲ့....အင်း..စိတ်များ မပြောချင်ပါဘူး..၊ ကဲ မထူးပါဘူး တရက်စော ပေးတာဘဲ.. နောက်ကြ တာမဟုတ်တာ ဆိုပြီး ..ခပ်တည်တည်နဲ့ ငါ့ သားသမီး တွေ ပင်ပန်းလို့ စောပေးတာပေါ့...၊ ခဏနေ ညီမ လုပ်သူက ဖုန်းဆက်လာတယ်.. လကုန်ရက် က မနက်ဖြန် နော်တဲ့ .. ပေးပြီး သွားပြီလို့.. မထူးပါဘူးဗျာ...။

အမှန်တော့ ကျနော်က မနေ့ကထဲက ကျနော့် စိတ်ထဲမှာ..မမေဓါဝီ ပြောတာကို စိတ်စွဲနေတာ ၂၇ ရက် နေ့ ကို အထူးပို့စ် တင်ပါပြောထားတာကို သတိရပြီး...အိပ်ယာထဲ ရောက်မှ အဲ ဒီနေ့ ဒို့ ရဲ့ သမီးရီးစား သက် ၁၁ နှစ်အိမ်ထောင်သက် ၁၈ နှစ် ၂၉ နှစ်ပြည့် ဘဲပေါ့ ဆိုပြီး မမေဓါဝီ ပြောတဲ့  ..အထူးပိုစ့် လည်း မတင် လိုက်ရဘူးဆိုပြီး ချစ်ချစ်ကြီးများ အမှတ်ရ မလားဆိုပြီး ရန်လုပ်မလို့ ကြည့်လိုက်တော့ တခေါခေါနဲ့ အိပ်နေလိုက်တာ... အင်း.. စိတ်ကုန်စရာကြီးပါလား.....ပြီး ခဲ့တဲ့ ၁၈ နှစ် မင်္ဂလာဦးည ကတော့ ဒီရွှေမင်းသမီး လေး ကိုရတာ တကယ်မှ ဟုတ်ရဲ့လားဆိုပြီး ညည ထ ထ စမ်းရတာ မောနေတာဘဲ အခုများတော့ ဗျာ.. မင်းအလုပ်ကြီးဘဲ ဆိုပြီး မျက်စောင်း တထိုးထိုး နဲ့ ယောက်ကျား များ မကောင်း လိုက်တာ.. ။

နောက်ပြီး..ဒီနေ့ ဟာ ဒို့ မင်္ဂလာ ဆောင်တာ ၁၈နှစ် ပြည့်ပါလား ဆိုပြီး ဟို ဝတ္ထုတွေထဲကလို မင်္ဂလာ အထိမ်းအမှတ် စိန်လက်စွပ်လေး ဘာလေး သတိတရ များ ပေးဘို့တော့ ဝေးပေါ့....၊ အခုတော့ စိန်လက်စွပ် အသာထားလို့ လောကကြီး ရင်ဆိုင်ရတာ မောလွန်းလို့ ည ည တယောက် မျက်နှာ တယောက် မကြည့်မိအောင် သတိထား နေရတယ်..၊ ကြည့်မိရင် နင့် ကြောင့် ငါ့ ကြောင့် ပင်ပန်း ရတာဆိုပြီး နဘန်းလုံး မိမှာ စိုးလို့ .. ။

မနက်လင်းတော့ `မောင် ရေ မနေ့က အမှတ်မရလိုက်ဘူး ၊ ချစ် တို့ မင်္ဂလာဆောင်တာ ၁၈ နှစ် သမီးရီးစား သက်တမ်း ၁၁ နှစ် နဲ့ပေါင်းရင် ၂၉ နှစ်ပြည့်ပြီနော်.. မေ့သွားတယ်.. အဟင်း..` ဆိုတော့ ဟုတ်လားတဲ့ မောင်စိတ်ထဲမှာ မင်း နဲ့ မင်္ဂလာ ဆောင်တာ နှစ် ၁ဝ၀ လောက်ရှိသွားပြီလားလို့တဲ့.. ၊ မချစ် မနှစ်သက်တဲ့ သူများ နဲ့ ပေါင်းသင်းနေထိုင်ရရင် တယ်ကြာတာဘဲ.. ချစ်တဲ့သူများ နဲ့ နေရရင် တော့ ၂၉ နှစ်ဟာ ၂၉ရက် လောက် ထင်ရမှာနော်...။

ကဲ..စတာပါဗျာ.. ဒီလောက် ချစ်စရာ ကောင်းလွန်းတဲ့ ယောက်ကျား ကြီး ကို ၁၁ နှစ်တိတိ စောင့်ယူ ထား ရတာဆိုတော့ ...အဟင်း ချစ်ကြပါတယ်ဗျာ..၊ အလုပ် ရှုတ်နေလို့ ဘာအထိမ်း အမှတ်မှ မလုပ်ဖြစ်ပေမဲ့ ကျနော်တို့ ၂ ယောက် ချစ်နေကြ ဆဲပါလို့.....။

(မေ့တာတော့...မေ့သွားတယ်..ရက်မှားပြီး မေ့သွားတယ်.. ၊ တကယ်တော့ ဒီနေ့ မှ ၂၉ နှစ်ပြည့်ပါ......ဒီနေ့ ရက်အမှန်သိလိုက်တာ နဲ့  အမြန်ရေးလိုက်ရတယ်)

မမေဓါဝီ ရေ ကြားတဲ့ အတိုင်းပါဘဲဗျာ..၊ အထူးပိုစ့် မတင်ဖြစ်တဲ့ အတွက် ခွင့် လွှတ်ပါ. နောက်ထပ် ကြုံအုန်း မှာပါ..။

လေးစားစွာဖြင့်
ရွှေစင်ဦး

No comments:

Post a Comment