Thursday, August 4, 2011

http://shwezinu.blogspot.com နှင့် မြန်မာဘလော့ အကယ်ဒမီဆုကြီး (၅)

စာရေးသူ-ရွှေစင်ဦး
 

အကောင်းဆုံး နည်းပညာအကျိုးပြု စာပေဘလော့ဂ်ဆု

    * သံလုံငယ် (http://thanlonnge.info) (34%, 127 Votes)
    * ညီနေမင်း (http://www.nyinaymin.com) (31%, 119 Votes)
    * IT Reshare Site (http://sbsangpi.blogspot.com) (14%, 52 Votes)

အကောင်းဆုံး သာသနာတော်အကျိုး ပြု စာပေဘလော့ဂ်ဆု

    * သီတဂူစတား (http://www.sitagustar.net) (39%, 58 Votes)
    * အဖြူရောင်မတ္တာ (http://www.apymt.com) (18%, 26 Votes)
    * ထေရ၀ါဒ ဗုဓ္ဓသာသနာ ပြန့်ပွားရေး (http://www.theravadasarsanar.blogspot.com) (18%, 26 Votes)

အကောင်းဆုံး နိုင်ငံအကျိုးပြု သတင်းနှင့် စာပေဘလော့ဂ်ဆု

    * စည်းလုံးခြင်းရဲ့အင်အား (http://photayokeking.org) (47%, 84 Votes)
    * အာဇာနည် (http://arzarni.blogspot.com) (14%, 25 Votes)
    * မျိုးချစ်မြန်မာ (http://myochitmyanmar.org) (12%, 22 Votes)

အကောင်းဆုံး လူမှု့အကျိုးပြု ပရဟိတအသင်းအဖွဲ့ဘလော့ဂ်ဆု

    * စစ်ကိုင်းတောင်ရိုး ဆွမ်းလောင်းအသင်း (http://www.everyoneit.com) (68%, 91 Votes)
    * RAVEN Blood Donor Club (http://mm.ravenbdc.org) (11%, 15 Votes)
    * SAW (http://socialactionforwomen.blogspot.com) (10%, 13 Votes)

အကောင်းဆုံး ပညာရေးနှင့် ပညာပေး စာပေဘလော့ဂ်ဆု

    * မြန်မာစာပေမြန်မာစကား (http://myanmarsar.zaung.net) (37%, 77 Votes)
    * kiki-idiotlove (http://www.kiki-idiotlove.com) (27%, 55 Votes)
    * ဧရာဝတီစာကြည့်တိုက် (http://www.awdlibrary.co.cc) (18%, 37 Votes)

အကောင်းဆုံး လူမှု့ဘ၀သရုပ်ဖော်စာပေဘလော့ဂ်ဆု

    * နှင်းနဲ့မာယာ (http://mysterysnow.blogspot.com) (28%, 64 Votes)
    * မိုးချိုသင်း(http://moechothin.blogspot.com) (27%, 62 Votes)
    * SHWE ZIN U (http://shwezinu.blogspot.com) (14%, 33 Votes)

အကောင်းဆုံး ရင်တွင်းဖြစ်ခံစားမှု စာစုများနှင့် ရသကဗျာစာပေဘလော့ဂ်ဆု

    * မြစ်ကျိုးအင်း (http://page-28.blogspot.com) (32%, 95 Votes)
    * MYpoemBAG (http://mypoembag.mmgenius.com) (18%, 53 Votes)
    * ကိုရင်နော် ခင်လေးငယ် (http://koyinnawkhinlaynge.blogspot.com) (13%, 38 Votes)

အကောင်းဆုံးအစုအဖွဲ့ဘလော့ဂ်ဆု

    * ငပေါများဂေဟာ (http://www.crazyvilla.net) (34%, 60 Votes)
    * စည်းလုံးခြင်းရဲ့အင်အား (http://photayokeking.org) (21%, 38 Votes)
    * Public Health in Myanmar (http://health.ngoinmyanmar.org) (12%, 21 Votes)

အကောင်းဆုံး ဘာသာပြန်ရသ စာပေဘလော့ဂ်ဆု

    * ကိုပီတာရဲ့ အတွေးပုံရိပ်များ (http://kopeter.blogspot.com) (37%, 73 Votes)
    * သက်တန့်ချို (http://thettantcho.blogspot.com) (34%, 67 Votes)
    * mysteries tour (http://www.myanmarreader.co.cc) (7%, 13 Votes)

အကောင်းဆုံး အထွေထွေ ဘလော့ဂ်ဆု

    * မိုးအိမ့်ဖြူ (http://www.blog.moeeaintphyu.net) (29%, 64 Votes)
    * လင်းဦး​ (​စိတ်ပ​ညာ) (http://linoo.myanmarbloggers.org) (12%, 27 Votes)
    * တွေးမိတွေးရာ... ရေးမိရေးရာ... (http://maydar-wii.blogspot.com) (10%, 21 Votes)

သြ...အချိန်နှင့် တပြေးညီ မဲ ရလဒ် များကို ဖော်ပြလို့.. သူကိုသူများ အမေရိကန် ရွေးကောက်ပွဲ ဝင်တာကြနေတာဘဲ..

သိချင်သူ.....ကဲ ဘလော့ဂ်ဂါ ဒေါ်ရွှေစင်ဦး ခင်ဗျား ကျနော် တို့ အချိန်ရှိတုန်း မှာ နောက်ဆက်တွဲ အင်တာဗျူး လေးကို စလိုက်ကြရအောင် ခင်ဗျား
 
ရွှေ............ဟုတ်ကဲ့ ကျနော် ပြောဘို့ အဆင့်သင့်ပါဘဲ.. ဒီလို ပြောချင်လွန်းလို့ ညကထဲက မအိပ်ဘဲ စောင့် နေပါတယ်

သိချင်သူ......အခုဆိုရင် ဒေါ်ရွှေစင်ဦး ရဲ့ ဘလော့ဂ် ဟာ တတိယ နေရာကို ရောက်သွားပြီနော်..အဲဒီလို ရောက်အောင် အချိန်တို အတွင်းမှာ ဘယ်လို များ မဲတွေ ရအောင် လုပ်ခဲ့ ပါသလဲ ခင်ဗျား

ရွှေ............နောင်လာနောက်သား များ ကျနော် ကဲ့သို့ ကျင့်သုံးနိုင်အောင် ဆရာစားမချန် အားကျိုး မာန်တက် ကျနော်ရဲ့ မဲဆွယ်မှု့များကို ပြောပြပါမယ်

ကျနော်ဟာ ပထမဆုံး ကျနော့် ရဲ့ ဂျီတော့ခ် ကို ၂၄ နာရီ ဖွင့်ထားပါတယ်.. နိုင်ငံခြား ရောက်နေတဲ့ သူငယ်ချင်း များ online ကို မျက်စေ့လည် ပြီးများ ရောက်လာခဲ့ ရင် စက္ကန့် မဆိုင်း hi လုပ်လိုက် ပါတယ် ခင်ဗျား.. ပြီးတော့ သူတို့ ဘာပြောပြော ကျနော် စိတ်မဝင်စားပါဘူး.. အခွင့် သင့်တာနဲ့ ဟေ့ ငါ့ကို မဲပေးပြီး ပြီလား.. အရင် မေးပါတယ်..တချို့ ကတော့ ပေးပြီးပါပြီပေါ့.. တချို့ကလည်း ဘာမဲလည်းပေါ့ အေးအဲဒါဆိုရင် ငါ့ဘလော့ ကို အခုဖွင့်လိုက် ဆိုပြီး မဲပေးနည်း အမြန် သင်တန်း ဖွင့်ပြီး ရှင်းပြပြီး ပေးခိုင်းပါတယ်ခင်ဗျား..

သူတို့ တကယ်ပေး မပေးလည်း သိရအောင် ကျနော်ဟာ မဲ အရေအတွက် ကိုလည်း စောင့်ကြည့် နေပါတယ်..၊ သူတို့ ကိုလည်း ကြိုတင် သတိပေးထားပါတယ်၊ ငါ အခု မဲ တွေကို ကြည့်နေတယ် ၃၀ ရောက်နေတယ်.. နင် အခုပေးလိုက်ရင် ၃၁ ဖြစ်မှာပေါ့ဗျာ.. အမှန်ကတော့ သူတို့မညာ ရဲအောင် ချိန်းခြောက် တဲ့ သဘောပေါ့... သူတို့ ကလည်း ကြောက်ကြောက် နဲ့ ပေးရှာတယ်ခင်ဗျား.. မဲလည်း တခါထဲ တက်သွားရော သူတို့ကို လှည့် ကို မကြည့်တော့ဘူး အရေးလုပ်လည်း နှုတ်ဆက် မနေဘူး.. ကျနော်ဟာ နောက် တမဲ အတွက် ကြိုးစားရအုန်းမှာ ကိုးဗျား... ဒါကတော့ ချိန်းခြောက်၊ အနိုင်ကျင့် ပြီး မဲ ရယူတဲ့ နည်းပေါ့

နောက်တခါ မလှိမ့်တပတ်လုပ်တဲ့ နည်း၊ လှည့်ဖျား တဲ့ နည်းကိုလည်း သုံးပါသေးတယ်.. ဥပမာ

ကျနော် မှာ စင်ကာပူမှာ ရောက်နေတဲ့ ငယ်သူငယ်ချင်း အင်ဂျင်နီယာ တယောက်ရှိပါတယ်..၊ သူ ဟာ အင်မတန် တိကျဖြောင့်မတ်တဲ့ သူငယ်ချင်းပါ.. သူ ကို ကျနော် မဲပေးခိုင်းတော့ သူက မပေးသေးဘဲ နဲ့ သေချာ ကြည့်သေးတယ်ဗျ..... ခင်ဗျား နဲ့ အတူ ပြိုင်မဲ့ ထဲက ကိုကြီးကျောက် ရဲ့ ဘလော့ဂ် ကိုလည်း ကျနော် ကြိုက်တယ်ဗျ တဲ့.. ကျနော် က အင်း သူ့ကိုတော့ ငါ ခြိမ်းခြောက် လို့ မရလောက်ဘူး ငါ့ ရဲ့ မလှိမ့် တပတ် လုပ်တဲ့ နည်းကိုဘဲ သုံးရတော့မှာ ဘဲ ဆိုပြီး .. နင်ကြိုက်ရင် နောက်တခါ ကိုကြီးကျောက် ကို ပေးပေါ့ အခုတော့ ငါ့ ကို အရင် ပေးလိုက်နော် ဆိုပြီး ပေးခိုင်းလိုက်တယ်..  သူ့စီက မဲလည်း ရရော.. ကျနော် ဟာ သူစီက ကိုကြီးကျောက် ကိုရော ဘယ်လိုပေးရမလည်း ဆိုတော့ အေး နောက်နှစ်မှသာ ပေးလိုက်တော့ ဆိုပြီး ကိုကြီးကျောက် ရဲ့ မဲတမဲ ကိုလည်း အဲဒီလို လှည့်ဖျား ယူခဲ့သေးတယ် ခင်ဗျ....

သိချင်သူ......သြ တော်လိုက်တာနော်

ရွှေ.........ဒါထက့်ပိုတော်တာ တွေ တွေ့ရအုန်းမယ်ခင်ဗျား

သိချင်သူ......ဆက်ပြောပါခင်ဗျား
ရွှေ..........ကျနော် ဟာ ပြိုင်ဘက်ကို အဆက်မပြတ် လေ့လာ နေရမယ် ဆိုတဲ့မူအတိုင်း ကျနော် ရဲ့ ပြိုင်ဘက် တွေဆီကို သွားရောက် လေ့လာခဲ့ ပါတယ်..

သိချင်သူ...... ဘယ်သူတွေစီလည်း ခင်ဗျား..ကိုမောင် လား ကိုကြီးကျောက် လား

ရွှေ....... အဟင်း..ဟင်း.. ကျနော်က သူတို့ကို အခုဆိုရင် ပြိုင်ဘက်လို့ ကို သဘောမထား တော့ပါဘူး ခင်ဗျား.. တန်းမတူ ပါဘူး..

သိချင်သူ......မသိလို့ပါခင်ဗျား...ဆက်ပြောပါ..

ရွှေ........ကျနော့် အထက်က ဘယ်သူတွေရှိလဲ.. ပထမ နေရာက မြစ်တို့ ၏ မာယာ

သိချင်သူ... မှားနေပြီ ထင်တယ်.. နှင်းနဲ့ မာယာ.. နှင်းနဲ့ မာယာ.......၊ နှင်းနဲ့ မာယာကို အဲဒီလို့ လေ့လာ လိုက်တော့ ဘာဖြစ်လည်း ခင်ဗျ..

ရွှေ..... ပြောစရာ အပြစ်မရှိပါဘူး၊ အရေးအသား လေးကလည်း ကောင်း အတွေးအခေါ် လေးကလည်း အဆင့် အတန်းမြင့် ကောင်းတယ် ခင်ဗျ.. ဒါပေမဲ့ ကျနော် ဟာ အပြစ် ရှာ စရာ မရှိတော့ သူ ဘယ်တုန်း ကများ ဒီဘလော့လေး ကို စရေးတာလည်း ပေါ့ ဗျာ..လေ့လာတယ် ခင်ဗျ..

သိချင်သူ... ဘာဖြစ်လို့လည်းဗျ

ရွှေ........ အမှန်တော့ဗျ..အကယ်ဒမီဆုကြီး ရဲ့စည်းမျဉ်းစည်းကမ်းထဲမှာ တလ ကို တခါ ကိုယ်ပိုင် ပို့စ် တင်ရမယ်..ဆိုတဲ့ စည်းကမ်း ပါတယ်ဗျ.. ကျနော် ဟာ အဲဒီ စည်းကမ်း နဲ့ မညီရင် ချက်ခြင်း အကြောင်း ကြားပြီး ပြိုင်ပွဲ က နေပယ်ဘို့ အကြံဆိုး ထုတ်တာပါခင်ဗျ...

သိချင်သူ.... တော်လိုက်တာဗျာ..

ရွှေ... ကျနော့် ရဲ့ အပေါ်က ရောက်နေတဲ့ ဂုရုကြီး ရဲ့သမီး ဘလော့ ကိုလည်း ရောက်သေးတယ် ခင်ဗျ.. သူ့ အရေးအသား လေး ကလည်း ဂုရုကြီး နည်းတူပါဘဲ ကောင်းလိုက်တာ...

သိချင်သူ.... ဒါဆိုရင်တော့ ဂုရုကြီး သမီးနဲ့ ဒီဆုကြီးနဲ့ တော့ ထိုက်တန်တယ်ပေါ့နော်

ရွှေ..... အမယ်လေး..လေး.. ဘယ်လိုများ ပြောလိုက်တာလည်းဗျာ....ဒီဆုကြီးက ဘယ်သူနဲ့ မှ မထိုက်တန် ဘူးဗျ..ကျနော် နဲ့ မှ ထိုက်တန်တာ.. ကျနော် သာလျှင် ဘလော့ စာချစ်သူများ အတွက် အပင်ပန်းခံပြီး  ဘလော့ဂ် လောကကြီး သာယာ ဖွင့်ဖြိုး ဘို့ စည်ပင်သာယာ ဘို့ ကိုယ်ကျိုးမဖက် ဘလော့ဂ်ချစ် စိတ် အပြည့်အဝနဲ့လုပ်ခဲ့တာ ဆိုတော့ ကျနော် သာလျှင် ဒီ ဆုကြီးနဲ့ အထိုက်တန်ဆုံးပါ..

သိချင်သူ..... ဒါပေမဲ့စိတ်တော့ မဆိုးနဲ့နော်.. မဲတွေက တအားပြတ်နေတော့ ပထမ နေရာကို ရောက်ပြီး နိုင် ဘို့ လွယ်ပါအုန်း မလားခင်ဗျ....

ရွှေ......အဲဒီအတွက်တော့ မပူပါနဲ့ခင်ဗျ.. ကျနော့် မှာ အစီအစဉ် ရှိပြီး သားပါ..

သိချင်သူ....... ကျနော့် ကို ပြောပြနိုင်ပါသလားဗျာ

ရွှေ....... ဘာလို့ မပြောနိုင်ရမလည်း ခင်ဗျာ.. ကျနော် ကြောက်ရမဲ့သူ ဘလော့ဂ် လောကမှာ တယောက်မှ မရှိပါဘူး...ကျနော် ပြောပြပါမယ်...

နောက်ဆုံး အချိန်ကြရင် ကျနော် ဟာ မဲပေါင်းစည်းရေးလုပ်မှာ ခင်ဗျား...  ဘယ်အမှတ်စဉ် မှာဘဲ ကျနော် ရောက်နေနေ......သူများ မဲ ပုံး တွေထဲက မဲတွေ ကို ကျနော့် မဲ တွေထဲ ပေါင်းထည့် တဲ့ မဲပေါင်းစည်း ရေး ခင်ဗျ.... မဲပေါင်းစည်းရေး.......

သိချင်သူ..... တော်လိုက်တာဗျာ...မဲပေါင်းစည်းရေး....မဲပေါင်းစည်းရေး
                    ထိုက်တန် ပါပေတယ်....မြန်မာဘလော့ အကယ်ဒမီ ဆုကြီး နဲ့ ထိုက်တန်ပါပေတယ်..

လေးစားစွာဖြင့်
ရွှေစင်ဦး
http://shwezinu.blogspot.com
မဲပေးချင်ရင်...http://www.mmblogpress.org/to-vote/
(အကြိမ် တစ်သောင်း နှင့် နှစ်ကြိမ် မြောက် မဲဆွယ်ခြင်း)

1 comment:

  1. This is one of the most popular ways to conduct
    research. If your looking to keep an eye on your babysitter, place hidden cameras in the child's bedroom, and the living room, or the
    room in which the child spends their time playing.
    When everyone knows each other and gets together for block parties and watches
    out for each other's kids that is a functional neighborhood and is
    likely a safer neighborhood.

    Also visit my web blog - how to feel safe

    ReplyDelete