Sunday, August 7, 2011

ပုံရိပ်ဟောင်းများ

စာရေးသူ-ရွှေစင်ဦး
မကေ က ပုံရိပ်ဟောင်းများ ကို တဂ် လာလို့ ပိုစ့် လေး ရေးပါတယ်.. ကျနော့် အတွက် ပုံရိပ် တွေက မဟောင်းသေး ပါဘူး... မနေ့တနေ့ က လိုဘဲ ထင်နေပါတယ်...

ကျနော် ငယ်ငယ် က ထဲက မန္တလေး တက္ကသိုလ် ထဲမှာ ဘဲ ကြီးပြင်းခဲ့ တယ် ....ပညာရှာခဲ့တယ် .... အချစ် နဲ့ တွေ့ခဲ့တယ်...

ကျနော် တက္ကသိုလ် တက်တုန်းက သူငယ်ချင်း တွေ နဲ့ ပျော်ခဲ့ကြတာ သိပ်မရှိပါဘူး .. ရီးစားထားရ.. စီးပွားရှာရ... အိမ်က မောင်နှမ တွေ ထိန်းရ...... ကျောင်းတက်ရ.. စာမေးပွဲ တွေ ခဏခဏကျ ....  ဆိုတော့ သူငယ်ချင်း တွေ နဲ့ ပျော်ရတဲ့ အချိန် သိပ်နည်းပါတယ်...... ချစ်ချစ်ကြီး အတွက် ပေးရတဲ့ အချိန် ဟာ အများဆုံးဖြစ်တဲ့ အတွက် ချစ်ချစ်ကြီး နဲ့ ပုံရိပ်ဟောင်း များဘဲ တင်ပေးလိုက်ပါတယ်....

မန္တလေး တက္ကသိုလ် ကြီး ဟာ ကျနော့် အတွက် အကောင်းဆုံး ငယ်ပေါင်း ပါ..  ဒီ တက္ကသိုလ် ကြီး က ဘယ်လို ဘဲ စိမ်းစိမ်း....  မယိမ်းယိုင် သော မေတ္တာနဲ့ ချစ်မြဲချစ်လျှက်ပါ...

လေးစားစွာဖြင့်
ရွှေစင်ဦး

No comments:

Post a Comment