Friday, August 5, 2011

ဝါးဖြူတောင်သွား ကင်မရာကစား

စာရေးသူ-ရွှေစင်ဦး
 ဒီရွာကလေးကို ဒီလိုသွားရင်ဒီလို ဆိုင်းပုဒ် ကလေးတွေကြည့်ပြီး သွားကြနော် တော်တော်ကြာ တောဆင်ရိုင်းကြီးတွေ နဲ့ တွေ့နေရင်
(စိတ်မပူပါနဲ့ သူတို့တွေလမ်းမမှတ်မိလို့ မလာကြတာ အနှစ် ၂၀ နီးပါပြီတဲ့ ခင်ဗျားတို့ဆန္ဒရှိရင်တော့ လမ်းမှန်ရောက်အောင်ပို့ပေးလိုက်လေ၊ ကိုယ့်လမ်းကိုယ် ရွေးတတ်အောင် ဟဲ ဟဲ တော်တော်တော့ခက်မယ်နော် ..တောဆင်ရိုင်းကြီးတွေတဲ့ ..ကြောက်ကြောက်)


ဒီလို အိမ်လေးတွေကိုတော့ သူတို့မဆောက်တတ်ကြဘူး ဒါပေမဲ့ ဒါမျိုးအိမ်လေးတွေကိုတော့ ဆောက်တတ် ကြပါတယ်။ သိပ်မထူးပါဘူးနော်၊ အားလုံး ကတော့ နေစရာတွေဘဲမဟုတ်လား
ဒီလမ်းလေးလောက်တော့မလှပေမဲ့ နဲနဲတော့လှပါသေးတယ်






ဒီလို ရေကျော်လေးတွေတော့လမ်းပေါ်မှာ အများကြီးတွေ့ခဲ့တယ် ဟဲ..ဟဲ




ဘာပင်တွေမှန်းတော့ မသိဘူး၊ ကျွန်တော်တို့ အပင်တွေကတော့ ကျွန်းစစ်စစ်တွေပါဗျာ၊ ဟဲ ဟဲ ဥပဒေလည်းထုတ်ထားတယ်နော်၊ သစ်တပင်ခုတ် ထောင် ၃ နှစ်တဲ့၊
ခင်ဗျားတို့ အခုမြင်ရတဲ့ သစ်ပုံကြီး တွေကြည့် ပြီးတော့ စိတ်ညစ်မသွားနဲအုန်း၊ အဲဒါနိုင်ငံခြား ငွေရဘို့အတွက် ရောင်းရမှာပါဗျာ။ ဒီလိုဒီလိုလည်း ပြန်စိုက်ထားပါတယ်၊

လေးစားစွာဖြင့်
ရွှေစင်ဦး

1 comment:

  1. ဟုတ်တာပေါ့ ဒီကျွန်းတွေက နိုင်ငံခြားဝင်ငွေ ရဖို့အတွက်စိုက်ထားတာလေ။ ဒါကို အလွယ်တကူ ခုတ်ခွင့်မရှိဘူးလေ အရေးယူခံရမှာပေါ့။

    ReplyDelete