Thursday, August 4, 2011

http://shwezinu.blogspot.com နှင့် မြန်မာဘလော့ အကယ်ဒမီဆုကြီး (၇)

စာရေးသူ-ရွှေစင်ဦး

MBBA မြန်မာဘလော့ အကယ်ဒမီဆု ရွေးချယ်ရေး အဖွဲ့ကြီး
နှင့် ပတ်သက်၍

ရွှေစင်ဦး ၏ ယူဆချက်

အင်း အကယ်ဒမီ ဆု ကြီး နဲ့  ဒီနှစ်တော့ လွဲသွားပြီ (နောက်နှစ်တော့ ရမဲ့အတိုင်း)...၊ စတာပါဗျာ.. ဘယ်နှစ်မှာဘဲ လုပ်လုပ် ကျနော့် ရဲ့ မူဝါဒ နဲ့ မညီတဲ့ အတွက် ဝင်ရောက် ယှဉ်ပြိုင်မည် မဟုတ်ပါ...၊ ကျနော့် သဘောက ဂုဏ်သိက္ခာနဲ့ ဆိုင်တဲ့ ဆုတွေကို စာရင်းပေးပြီး ပြိုင်တာ မထောက်ခံဘူးဗျ..၊ အနိမ့်ဆုံး ဥပမာဗျာ.. ကျနော်တို့ ပြည်ကြီး မှာ စာပေ နဲ့ပတ်သက်ရင် အမျိုးသား စာပေဆု..၊ စာပေဗိမ္မာန်ဆု.. ဆိုပြီး နှစ်စဉ် ပေးလေ့ ရှိတယ်..၊ ဘယ်လို အနေအထား မျိုးမှာ ဆု ကိုရွေးချယ်လည်း ဆိုတာ ကျနော် သိသလောက် ပြောမယ်.. ကျနော် အမှတ်မှားရင် လည်း ပြင်ပေးကြပါ..။

စာပေဗိမ္မာန်ဆု အတွက်ဆိုရင် ပြိုင်ပွဲဝင်ရတယ်ဗျ..၊ အဲဒီပြိုင်ပွဲဝင် တဲ့ အထဲကမှ အကောင်းဆုံးလို့ ထင်တာကို ဆုရွေးချယ်ရေး အဖွဲ့က ဆုပေးတယ်..၊ နောက်တခါ အမျိုးသား စာပေဆု..၊ ဒီဆုကြတော့ တနှစ်အတွင်းမှာပုံ နှိပ် ထုတ်ဝေထား တဲ့ အထဲက ဆုရွေးချယ်ရေး အဖွဲ့က အကောင်းဆုံး လို့ သတ်မှတ်တဲ့ စာရေးဆရာ က ဆုရတယ်..၊ ပြိုင်ဘို့ မလိုဘူးဗျ.. ခင်ဗျားတို့ စဉ်းစားကြည့်ကြပေါ့ဗျာ.. ဘယ်လောက် ဂုဏ်ခြင်းကွာလည်း ဆိုတာ..၊ အကယ်ဒမီ အဖွဲ့ကြီး အနေနဲ့ ရည်ရွယ်ချက် ကောင်းကောင်း နဲ့ ဆုပေးပွဲ လုပ်တာကို ဝမ်းသာပါတယ်..၊ သို့သော် အားစိုက်ထုတ်မှု့ တခုတော့ လုပ်ပြီး ပြိုင်ပွဲ ဝင်ဘို့ အဆင့်မှီ တဲ့ ဘလော့ဂ် တွေကို တော့ အရင် ရွေးချယ်ပေးသင့်ပါတယ်..။

ဒီနှစ် အတွက် ဆိုရင် ပြိုင်ပွဲဝင် ဘလော့ဂ် တော်တော်များများ ဟာ ကိုယ့်သဘောမပါဘဲ ပြိုင်ပွဲ ဝင်ရတဲ့ သူတွေများ ဖြစ်နေပါတယ်.. စာဖတ်သူများ (သို့မဟုတ်) တယောက်ယောက် ကဂျောက်ချလိုက် လို့ ပါရတဲ့ ဘလော့ဂ် တော်တော် များများ ကျနော် တွေ့လို့ပါဘဲ.၊ စည်းမျဉ်း စည်းကမ်း ထဲမှာ ဘလော့ဂ် ပိုင်ရှင် ကိုယ်တိုင် စာရင်း သွင်းရမယ် ဆိုတာ ထဲ့ ထားပြီး စာရင်း သွင်းသူဟာ ဘလော့ဂ် ပိုင်ရှင် ဖြစ်မှန်း တောင် သိအောင် မစစ်ဆေးနိုင် ဘူး  ဆိုတာ တမျိုးကြီးပါဘဲ...။

နောက်ပြီး တချို့ ဘလော့ဂ် ဆု ခေါင်းစဉ် များဟာ ကိုယ်ကိုကိုယ့် အကောင်းဆုံးလို့ ယူဆပြီး ယှဉ် ပြိုင်ဘို့ မသင့်တော်တဲ့ ဆုများဖြစ်နေပါတယ်ဗျာ..၊ မြန်မာ ဘလော့ဂ်များ တိုးတက်ရေး ဘာ၊ ညာ အော်နေပြီး မြန်မာ ဘလောဂ်ဂါများ ဂုဏ်သိက္ခာ ရှိအောင် စဉ်းစား မပေးတာ လည်း နောက် တမျိုးကြီး ပါဘဲ..။

ကဲနောက်ဆုံး ပြောချင်တာကတော့ ကျနော် ဟာ ကျနော် လိုချင်တဲ့ မူ မဟုတ်တဲ့ မြန်မာ ဘလော့ဂ် အကယ်ဒမီ ဆု ပြိုင်ပွဲကို ဘယ်နှစ်မှာမှ ဝင်ပြိုင်မှာ မဟုတ် ပါဘူး..၊  နောက်ပြီး ကျနော်ဟာ  ပြိုင်ပွဲ မှာ ပြိုင်နိုင် လောက်အောင် လည်း အဆင့် မရှိပါဘူးဗျာ....၊  ဒီနှစ် လည်း ကျနော် ပြိုင်ပွဲ မှာ ပါတယ်ဆိုတာ သိရ တာနဲ့  နှုတ်ထွက် မလို့ပါဘဲ.. ဒါပေမဲ့ ကျနော့် ကို လေးစားလို့ ပေးထားတဲ့ မဲလေး မဲ ကို တန်ဘိုးထား တဲ့ အတွက် နှုတ်ထွက် ခြင်း မပြုခဲ့တာပါ... ဒါက ပြိုင်ပွဲ နဲ့ ပတ်သက်လို့ ပြောချင်တာလေးတွေပါ...။


အရှုံးကိုဝန်ခံခြင်း

ကဲ အကယ်ဒမီ ပြိုင်ပွဲကြီးလည်း ပြီးသွားပြီ.. နိုင်တဲ့ သူတွေလည်း နိုင်..၊  ရှုံးတဲ့ သူတွေလည်း လဒ မှိုင် မှိုင်လို့  မျောက်ထိုင် ထိုင် နေတယ်..(ကျနော့် ကိုယ် ကျနော် ပြောတာဗျ) ..၊ ဒီနေ့ ဆုရ စာရင်း တွေ ထွက်တယ် ဆိုလို့ (ကိုမိုးကြီး လာပြောတာ..ကျေးဇူးပါ) ကျနော် လည်း ပြိုင်ပွဲ ဆုရစာရင်း တွေ သွားကြည့် ရင်း အင်း ငါတော့ ရှုံးပြီ.. ဒိုမိန်းကြီး နဲ့ လည်း လွဲပြီ ဆိုပြီး စိတ်ညစ်ညစ် နဲ့ ပြန်လာတယ်ဗျ... တကယ်တန်း တော့ ဗျာ.. စာဖတ်သူများ ဟာ အကင်းမပါးကြပါဘူး ..၊ ဘလော့ဂ် လောကကြီး အကျိုး အတွက် ဘယ်သူ က ဆောင်ရွက်နေလည်း ဆိုတာ လည်း မသိကြဘူး .... ကျနော် ဆိုရင် ဘလော့ လောကကြီး စည်ပင် သာယာရေးအတွက် ဘယ်လောက်များ ကြိုးစားခဲ့ ရသလည်း.. လမ်းတွေဖောက် ၊ တံတားတွေဆောက်...(ယောင်သွား လို့ပါဗျာ.. ခုလေးတင် သတင်းစာ ဖတ်ထားလို့ပါ) ဆိုတာ မသိချင် ယောင် ဆောင်နေ ကြ တာတော့ မကောင်းဘူးထင်တယ်ဗျ..။

ကဲ.. ထားလိုက်ပါတော့ဗျာ.. ရှုံးတာလည်းရှုံးပါပြီ.. ဒါပေမဲ့ ရှုံးတာကို ဝန်ခံရဲတဲ့ သတ္တိတော့ ရှိရမယ်ဗျ.. ၊ ကျနော်က ဝန်တော့ ခံချင်ပါတယ်.စိတ်ထဲတော့ သိတ်မပါဘူး..၊ ဒိုမိန်းကြီး နဲ့ ထိုင်းနိုင်ငံ စားရိတ်ငြိမ်း ဆိုတာကြီးက  ဝန်မခံရဲအောင်ကို ဖြစ်နေတယ်..၊ ကြီးလိုက်တဲ့ လောဘ.. ၊ မတော်တရား လုပ်ချင်တဲ့ လောဘ..  ဒီလောက် အများပြည်သူ ရှေ့မှာ..၊ ကမ္ဘာ အရပ်ရပ်က ဂုဏ်သိက္ခာရှိသော လူများရှေ့မှာ မဲပုံးကြီး ထောင်ပြီး ဒီလောက် မဲတွေပြတ်နေတာတောင် .. အရှုံးကို ဝန်မခံနိုင်အောင် ဖြစ်နေတယ်ဗျာ...၊ ဖြစ်နှိုင်ရင် အကယ်ဒမီ ဆုပေးပွဲ ကြီး နောက်တကြိမ်လုပ်ခိုင်းပြီး  မနိုင်မခြင်းပြိုင်ရ ကောင်းမလား လို့ပါ...အကြံဆိုးတွေ.. အကြံဆိုးတွေ .. ....။

ဒါပေမဲ့ ဒီတခါ ပြိုင်ပွဲ လုပ်ရင်တော့ ကျနော် မနှိင် နှိုင်တဲ့ လူတွေ မထည့်တော့ ဘူးဗျ.. ဥပမာ .. ဂုရုကြီးသမီး ဘလော့ဂ်တို့ မြစ်တို့၏ မာယာဘလော့ တို့ ကို မြစ်ကျိုးအင်း တို့ ဆိုရင် ကျနော် စာရင်း ကို အသွင်းမခံတော့ဘူး.. ကျနော့် ငယ်နိုင် တွေ ဖြစ်တဲ့ ကိုကြီးကျောက် တို့ ကိုမောင်တို့ ကိုမိုး တို့ ဆိုရင် လာခဲ့ လာခဲ့... သဘောထားကြီးကြီး နဲ့ ကျနော် ကိုယ်တိုင် မဲရုံကြီး ရှေ့မှာ မဲပုံးကြီး ဘေးထားပြီး ခန့်ခန့်ကြီး ကို ဓါတ်ပုံ အရိုက်ခံ အုန်းမှာဗျ..ကဲ ချစ်သော ဘလော့ဂ် ဂါ တို့ရေ  ဘယ်လိုလည်း ကျနော် မနိုင်မချင်း အကယ်ဒမီ ဆုကြီး အတွက် မဲပုံးထောင်ဘို့ ဘဘောတူကြတယ်နော် ....၊ ကဲ.... ကြာသလား လို့ ကျနော် ဆုရရင် မမေ့ပါဘူးဗျာ.. အတူတူ ဝေမျှ စားကြ တာပေါ့...။

ကဲ..ဒါကတော့  ကျနော် နဲ့ အတူ ပြိုင်ပွဲကို အသဲတထိပ်ထိပ် ရင်တဖိုဖို နဲ့ အရှုံး အနိုင်ကို ပဓါန မထားဘဲ.. ဝင်ရောက်ယှဉ်ပြိုင်ခဲ့ ကြတဲ့. ချစ်သော အရှုံးသမား ဘလောဂ်ဂါများ ( မဲတမဲ တိုးသွားတိုင်း တိုးသွားတိုင်း...  တပက် တပက် တီးခဲ့ ကြတဲ့ ဘလော့ဂ်ဂါ အသောက်သမား များ  (ကိုမိုး.. ကိုနွေဆူး..ကိုဏီလင်းညို...)  တို့ကို မရည်ရွယ်ပါ... ) ကို.. အပြုံးလေး နဲ့ အရှုံးကို ယဉ်ဆိုင်ဘို့ စနောက် ပြီး ရေးခဲ့ တာပါ......။

တကယ်တန်းတော့ တသက်တခါ ဒီလိုလေး မဲပုံးထောင်ပြီး လူလိုသူလို အရွေးမခံရဘူး ဘူး ဆိုတော့ အခွင့် အရေး ရတုန်း ကျနော် ကိုယ် ကျနော် အမေရိကန် သမ္မတ ရွေးကောက်ပွဲ လိုလို ဘာလိုလို နဲ့ အရှုံးကို ဝန်ခံတာလေး ဘာလေးနဲ့ လုပ်နေတာပါဗျာ... ။

ကျနော်သာ အရှုံးကို ဝန်မခံရင် ပထမ ရတဲ့ ဘလော့ဂါလေး ခမျာ တလည်လည် နဲ့ တရားဝင် အနိုင်မရမှာ ကို ကိုယ်ချင်းစာပြီး သနားလွန်းလို့ပါ  http://shwezinu.blogspot.com  လေး အရှုံးကို ဝန်ခံပါတယ်. ကျနော် ဟာဖြင့် စာဖတ်သူ ပရိသတ် ကြိုက်အောင် လုပ်မပေးနိုင်ခဲ့ပါဘူး.. ကျနော် တကယ် ရှုံးပါတယ် .. ပထမ ရတဲ့ ဘလော့လေး က တော်လွန်းပါတယ်.. ကျနော်က ရှော်လွန်းပါတယ်.. ကဲ ပထမ ရတဲ့ ဘလော့ဂ် လေး ခင်ဗျား.. ဆက်လက် ပြီးတော့ အစွမ်းရှိသမျှ ကြိုးစား ဆောင်ရွက်နိုင် ပါစေလို့ ဆုတောင်း ပေးလိုက် ပါတယ် ။

နောက်ဆုံးအနေနဲ့ အခု မြန်မာဘလော့ အကယ်ဒမီဆုကြီးကို ဆွတ်ခူးသွားတဲ့ သက်ဆိုင်ရာ ခေါင်းစဉ် အလိုက် ဆုရခဲ့ ကြတဲ့ ချစ်သော ဘလော့ဂါ များကို ဂုဏ်ပြုချီးကျူးရင်း ကျနော် ရွှေစင်ဦး အရှုံးကို ဝန်ခံပါတယ်... ဆိုတာကို စာဖတ်သူများအား အသိပေးပြောကြားပါတယ် ခင်ဗျား.....။

လေးစားစွာဖြင့်
ရွှေစင်ဦး
ဆုကြည်ချင်လျှင်- http://www.mmblogpress.org/for-regt-to-vote-for-vote/
.
(Connection မကောင်းတဲ့ အတွက် ကျနော် အနိုင်ရ ဆုမဲများကို မတင်ပြနိုင်ပါဘူး ဆီပုံးထဲမှာ ကိုမိုးကြီး ပြောထားတဲ့ လင့် အတိုင်းသွားကြည့် ကြပါခင်ဗျာ.. ကျနော် ခေါင်းစဉ် အောက်က ဆိုရင် နှင်းနဲ့မာယာ..၊ နောက်... ကိုပီတာ..၊ ကိုမြစ်ကျိုး တို့ ပထမ ဆုရသွားပါတယ် ဗျား )

No comments:

Post a Comment