စာရေးသူ-ရွှေစင်ဦး
ဒီနေ့ မနက် ဘာရေးရမလည်း စဉ်းစားနေတာ ဆီပုံး ထဲ ဖတ်လိုက်တော့ ကံဆိုးသူ ကိုဆိုဆီဂါးဒိုး (sosegado) ကိုသွားတွေ့ တယ်...၊ မန္တလေးမှာ လွဲသွားတယ် တဲ့..(ကိုဆိုဆီ ရေ လွဲချက်ကနာ ဗျ..)...။
ကျနော် ဘလော့ လေး စရေးဖြစ်တဲ့ အကြောင်းလေး စပြောချင်တယ်..၊ ကျနော့် ဆိုင်မှာ အင်တာနက် စတတ် ချိန်က စပြီးတော့ ဘလော့ဂ် တွေ လျှောက်ဖတ်တယ်ဗျ..၊ တချို့ ဘလော့ဂ်လေး တွေ ဖတ်လို့ တော်တော် ကောင်း တယ်..၊ ကျနော် လည်း ရေးချင်စိတ်ပေါက်လာတယ်..၊ ကိုမင်းဒင်တို့ ကိုနဗန တို့ဆို ကျနော် တော်တော်ကြိုက်တယ်..၊ စာရေးတော်တော် ကောင်းကြတယ်..၊ ဒါနဲ့ ငါလည်း ရေး မယ်ဆိုပြီး ရေးဖြစ် သွားပါတယ်..၊ ဘလော့ဂ် စ ရေးကထဲက ကျနော် ရဲ့ favorite ဘလော့ဂ်ဂါ များရဲ့ အကြံဥာဏ် တွေကို တောင်းပါတယ်..၊ စာရေးတာ ဘာတွေ လိုလည်း ပေါ့ ..၊ ၂ယောက် စလုံး သေသေ ချာချာ အကြံ ပေးကြ ပါတယ်..၊ ကျေးဇူးပါဗျာ..။
ကျနော် ဘလော့ မထောင်ဖြစ်ခင်က ကျနော်က ဆိုင်မှာ နေတာများတယ် ဆိုတော့ ချစ်ချစ်ကြီးတို့ ချစ်ညီမ တို့ အပြင်ထွက်တယ် ဆိုရင် ကျနော်က လိုက်ချင်တယ်..၊ ဘယ်လဲပေါ့..၊ ချစ်ချစ်ကြီးကလည်း အရင်တုန်းက တော့ ဘယ်သွားသွားခေါ်တယ်ဗျ..၊ နောက်ပိုင်း ကြ ကျနော့် ကို ရှုတ်တယ်ပေါ့ ..၊ သိပ်မခေါ်ချင်တော့ဘူး..၊ ဆိုင်တဘက်နဲ့ ဆိုတော့ ပိုဆိုးတာပေါ့..၊ ဆိုင်ပစ်ပြီးတော့ လိုက်ချင်တယ်ဆိုပြီး ပိုပြီးမခေါ်ချင်တော့ဘူး..၊ ချစ်ညီမ ကလည်း ဒီလိုဘဲ..၊ ကျနော်လည်း အဲဒီလို မခေါ်ချင်လေ လိုက်ချင်လေဘဲ..၊ ကျနော့် အလစ်ချောင်းပြီး အပြင် ထွက်ချင် တဲ့ သူတွေကို နောက်ကနေ အတင်းပြေးပြေး ပြီးတော့ မှီရာ ဆွဲ လိုက်တယ်ဗျ....၊ တလွဲ မတွေးနဲ့နော် ထမိန်တို့ ပုဆိုး တို့ပါ..။
အခုလို ဘလော့ဂ်ထောင်ပြီး စာရေးနေတဲ့ အခါကြတော့ ကျနော်က သူတို့ကို ဂရုကို မစိုက်တော့ဘူး.. ဒင်းတို့ ဘာသာ ငရဲပြည်သွားသွား နတ်ပြည်သွားသွား ငါ့အလုပ်မဟုတ်ဘူး ဆိုပြီး.. လှည့်ကို မကြည့် တာ..၊ အဲဒီအခါကြတော့ သူတို့က သဘောပြောင်းသွားပြီဗျ....၊ လူ့ စိတ်များ သိပ်ခက်ဆိုတာ ဒါမျိုးနေမှာ.. လိုက်ချင်တုန်းကတော့ ဟိုရှောင်ပြေး ဒီရှောင်ပြေး နဲ့ အခုကြ ကျနော် မလိုက်ချင်ဘူး ဆိုတော့ ခေါ်ချင်ကြပြန်ရော.. မင်းမလိုက်ရင် မဖြစ်ပါဘူး.. အညောင်းမိ လိမ့်မယ်.. လေညှင်းခံလေး လိုက်ခဲ့ပါအုန်း နဲ့ ခေါ်လိုက်ကြတာဗျာ..။
ရွှေစင်ဦး ကို ဒီလို စမ်းလို့ဘယ်ရမလည်း.. ၊ ရွှေစင်ဦး တို့က မင်းတို့သွားတဲ့ မန္တလေး မြို့ထဲက နေရာလေး တွေကို ပျင်းတယ်.. မင်းတို့ရဲ့ မန္တလေးက မိတ်ဆွေတွေကိုလည်း ပျင်းတယ်.. ငါ့မိတ်ဆွေတွေက ကမ္ဘာအနှံမှာ ရှိတယ်..၊ ရွှေစင်ဦး လေးကိုလည်း ခင်ကြတယ်.. ချစ်ကြတယ်.. လို့ပြန်ပြောလိုက်တယ်..၊ အမယ် ချစ်ချစ်ကြီးက ... ငါတော့ မယုံပါဘူးတဲ့.. ကျနော်လည်း ကိုဆိုဆီ နဲ့ သက်သေ ပြမယ်ပေါ့ .. သူက နှစ်ကူး လာမယ်ဆိုတော့ ကျနော့် စိတ်ထဲ သင်္ကြန်နှစ်ကူးမှတ်နေတာ...၊ သင်္ကြန်ကြရင်ကြည့်ပေါ့ ဆိုပြီး စောင့်နေတယ်ဗျ.. တရုပ်နှစ်ကူး မှာ ကိုဆိုဆီ က ရောက်လာတယ်..၊ လိပ်စာ ကလည်း အိမ်လိပ်စာ ဖုန်းကလည်း မောင်လေး ဖုန်းနံပါတ် ဆိုတော့ အိမ်ရှာရခက် ဖုန်းဆက်ခက် နဲ့ ကိုဆိုဆီ နဲ့ လွဲသွားတယ်ဗျာ..။
ဒါပေမဲ့လည်း သူခမျာ.. မေမြို့ရောက်တော့ ကို ဖုန်းလှန်းဆက်ရှာ ပါသေးတယ်..၊ ကိုဆိုဆီ ရဲ့ ညီမ ပါ တဲ့ အသံလေး ကလည်း သာယာလိုက်တာ လူလေး ဆိုရင် လည်း ဘယ်လောက် ချောလိုက်မလည်း.. အင်း... ရွှေစင်ဦး တို့ ကံဆိုးတာ.. ဆိုင် ကိုများ ရောက်လာခဲ့ရင် ကျနော့် ရဲ့ချစ်ချစ်ကြီးတို့ ချစ်ညီမ တို့ ချစ်သား သမီး များတို့ကို ဘယ်လောက်များ ကြွားလို့ကောင်းလိုက်မလည်း.. အင်း ကိုဆိုဆီ ရေ လွဲချက်က တကယ် ကို နာပါတယ် ခင်ဗျား...။
(ရွှေစင်ဦး ကိုချစ်သူများ.. မန္တလေး ရောက်လို့များ ရွှေစင်ဦး လေးစီကို လာလည်ချင်ရင် Advertisement Label ထဲမှာ SS Public Internet Access, See Sein Computer and Copy ကမှ ကျနော် ရဲ့ လိပ်စာ အမှန်ပါ ခင်ဗျား.. ရောက်ရင် လည်း ဝင်ခဲ့ကြပါ.. ရွှေစင်ဦး လေး ကြွားဘို့ရာပါ.. )
No comments:
Post a Comment